နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်သာမြို့နယ် တဲယာကျေးရွာသို့ Forever Friends လူငယ်ပရဟိတအသင်းမှသောက်သုံးရေလှူဒါန်း

တောင်သာ   ဇွန်    ၁၈


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် တဲယာကျေးရွာသို့ Forever Friends လူငယ် ပရဟိတအသင်းမှ ဇွန် ၁၇ ရက် နံနက် ၉ နာရီက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


ပူပြင်းသည့် နွေရာသီကာလရောက်တိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများသည် ရေတွင်း၊ ရေကန်များခန်းခြောက်ကာ သောက်သုံးရေအခက်အခဲနှစ်စဉ်ကြုံတွေ့ရလျက်ရှိသည်။ တောင်သာ မြို့နယ်အတွင်းရှိကျေးရွာများသို့ သောက်သုံးရေအဆင်ပြေစေရန်အတွက် အနယ်နယ်အရပ်ရပ်မှ ရေအလှူရှင်များကလည်း သွားရောက်လှူဒါန်းပေးလျက်ရှိသည်။ ယခုအခါ မြင်းခြံမြို့ Forever Friends လူငယ်ပရဟိတအသင်းမှ အလှူရှင်များထည့်ဝင်လှူဒါန်းသော အလှူငွေများဖြင့် တောင်သာမြို့နယ် တဲယာ ကျေးရွာအတွက် သောက်သုံးရေဂါလန် ၈ဝဝ နှင့် တဲယာကျေးရွာဘုန်းကြီးကျောင်းအတွက် သောက်သုံးရေ ဂါလန် ၈ဝဝ အားသွားရောက်လှူဒါန်းခဲ့သည်။                                                                         


(ကျော်ဆန်းမြင့်)






အခြားဆက်စပ်သတင်းများ