နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ်အတွင်း ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း အများပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ် စေရေးနှင့် ဗို့အား ပြည့်ဝစွာ အသုံးပြုနိုင်ရေးတို့အတွက် 6.6kV ဟုံဟိုင်း အောင်ဇေယျ 6.6kV ဟုံဟိုင်းအေးရှားဝေါ ကောင်းကင်ဓာတ်အားလိုင်း အောက်ကြည့်မြင်တိုင်လမ်း၊ ကမ်းနားလမ်းတစ်လျှောက်ရှိ ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက် ၉ နာရီမှစ၍ ဆောင်ရွက်ကြ သည်။

ထိုသို့ဆောင်ရွက်ရာ၌ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း၊ ခရိုင်လျှပ်စစ်မန်နေဂျာနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့က အနီးကပ်ကြီးကြပ်၍ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းအင်အား ၃၀ ဦး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဝန်ထမ်း ၁၅ ဦး၊ အမှိုက်သိမ်းယာဉ် လေးစီး တို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

မောင်မောင်(လျှပ်စစ်)






အခြားဆက်စပ်သတင်းများ