နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘေးအန္တရာယ်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်

ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်‌ရောက်မှုများကို တွေ့ကြုံ ခံစားနေရပြီ ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက် တွဲ သဘာဝဘေးအန္တရာယ်များသည် ထိန်းချုပ်၍မရ‌ကြောင်း၊ အချိန်မ‌ရွေး၊ နေရာဒေသမရွေး ဖြစ်ပေါ်နိုင်သည်။

သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်  တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးမှ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်အထိ သဘာဝဘေး  အန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ၊ ကော်မတီများ ဖွဲ့စည်းကာ စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်အိမ်ထောင်စု ၁၈၇ စု၊ လူဦးရေ ၆၇၈ ဦး အတွက် ထောက်ပံ့ငွေ ၁၄၂၃၈၀၀၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ ၈၄၃၅၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်းများပါဝင်သည့် ပလတ်စတစ် ပုံး၊ ၄၉ ပုံးအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန် ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူ‌နေအိမ် ၂၂ လုံး ပြိုကျပျက်စီးခဲ့သည်။ အလားတူ သာပေါင်း၊ နတ်တလင်း၊ မင်းလှ၊ တိုက်ကြီး၊ ရန်ကုန်မြို့တွင်လည်း လေဘေးသင့် ခဲ့ရာ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ လိုအပ်သည့် ကူညီကယ်ဆယ်ရေးများနှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့သည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်းပါအန္တရာယ်ဖြစ်နိုင်ချေ လျှော့ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင် ခြင်းဟူသည့် ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မည်ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်လျော့ပါးရေးတွင် ရပ်ရွာလူထု စွမ်းဆောင်ရည်မြှင့်တင် ရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ရန် လိုအပ်သည်။

ပြည်နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်းအမှတ်စဉ် ၁/၂၀၂၃ သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက် က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။ သင်တန်းတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုပညာရပ်များကို ထိရောက်စွာ အသုံးချပြီး ပြည်သူလူထု၏ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ် များမှ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်နိုင် ရေး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများ မြှင့်တင်ရေးကို အထောက်အပံ့ဖြစ်သည်ဟု ဆိုချင် ပါကြောင်း။     ။







အခြားဆက်စပ်သတင်းများ