နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ် ၁၉ သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၁

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာ မွမ်းမံသင်တန်း အမှတ် စဉ် ၁၉ သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီက မင်္ဂလာတောင်ညွန့် မြို့နယ်၊ စက်ရုံလမ်း၊  မအူကုန်း အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်း သင်တန်းကျောင်းသင်တန်း ခန်းမ၌  ကျင်းပရာ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီ ဝင်များ၊ ဌာနမှူးများ၊ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန် က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် “ယခုမွမ်းမံ သင်တန်း တက်ရောက်ပြီးခဲ့ သည့်  အင်ဂျင်နီယာများအနေ ဖြင့်  သင်တန်းကပို့ချပေး လိုက်သည့်              

ဘာသာရပ်များကို မိမိတို့၏ လုပ်ငန်းခွင်နယ်ပယ်အသီးသီး၌  လက်တွေ့ပေါင်းစပ်ပြီး ပြန်လည် အသုံးချ ဆောင်ရွက်သွားရန်၊ အဖွဲ့အစည်းတစ်ဖွဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဖွဲ့ အစည်းဝင်များ၏ အရည် အချင်းတန်ဖိုးကိုမြှင့်တင်ရန် ဖြစ်ကြောင်း၊ သို့မှသာ ရေရှည် တည်တံ့ခိုင်မြဲသည့် အဖွဲ့အစည်း တစ်ဖွဲ့ ထူထောင်နိုင်မှာဖြစ် ကြောင်း၊ ထို့ကြောင့် ဝန်ထမ်း များ အရည်အသွေး  တိုးတက် မြင့်မားစေရေးအတွက် လုပ်ငန်း ခွင်သင်တန်းများ ဖွင့်လှစ်ပေး ခြင်း၊ မွမ်းမံသင်တန်းများ ဖွင့်လှစ် ပေးခြင်းတို့ကို ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း၊ ဝန်ထမ်း များအနေဖြင့် စဉ်ဆက်မပြတ် လေ့လာ သင်ယူခြင်းဖြင့် မိမိတို့ ၏ အရည်အသွေးများကို ပိုမို မြင့်မားစေမှာဖြစ်ကြောင်း၊ စည်ပင်သာယာလုပ်ငန်းများသည် ပြည်သူလူထု၏ ရှေ့မှောက်တွင် ဆောင်ရွက်ရသည့်အတွက် ပေါ့ပေါ့ဆဆ ဆောင်ရွက်၍မရ ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အများပြည်သူ သိရှိစေရန် သတိပေး မေတ္တာရပ်ခံချက်များ၊ အသိပေးဆိုင်းဘုတ်များ တပ်ဆင် ပေးခြင်း၊ မိမိလုပ်ငန်းကြောင့် အများထိခိုက်မှုမရှိစေရေး၊ မိမိ ကြောင့် အများမထိခိုက်စေရေး စသည့် လုံခြုံမှု Safety ကို အမြဲထည့်သွင်း စဉ်းစားရန်လို အပ်ကြောင်း၊ ထို့ပြင် အရည် အသွေးကောင်းမွန်ပြီး ကြာရှည် တည်တံ့ ကောင်းမွန်စေရေးကို လည်း အစဉ်အမြဲ သတိပြုရမှာ ဖြစ်ကြောင်း၊ မိမိတို့စည်ပင် သာယာရေးလုပ်ငန်းများသည် မြို့ပြဆိုင်ရာတည်ရှိမှုများကို အခြေခံဆောင်ရွက်ရသဖြင့်  နယ်မြေကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲတတ်ရန် အထူးလိုအပ် ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများသည် ပြည်သူလူထု ၏ လိုအပ်ချက်ဖြစ်ရန်သာမက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး လည်း ဖြစ်ရန်လိုအပ်သလို သန့်ရှင်းသပ်ရပ်ရေး၊ မြင်ကွင်း များ သစ်လွင်ရေးများလည်း လိုအပ်ကြောင်း၊ ထို့ပြင်သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ဆောင် ရွက်တတ်ရန်လည်းလိုအပ် ကြောင်း၊ ထိခိုက်ပျက်စီးမှုများ ရှိပါကလည်း အစားထိုး ပြန် လည်ရရှိဖို့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေနှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်ပေးအပ် ထားသည့် တာဝန်ကိုလိုလားစွာ  အလေးအနက် ခံယူတတ်ရန်၊ ပြီးဆုံးသည်ထိ အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် အချိန် နှင့်တပြေးညီ ပြီးမြောက်အောင် ဆောင်ရွက်ရန်ဆိုသည့် အခြေခံ စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်များ၊ စည်ပင်သာယာဥပဒေများ၊ တည်ဆဲဥပဒေများကိုပါ သိရှိ နားလည်ထားဖို့ လိုအပ်ကြောင်း၊ ယခုသင်တန်းက ပို့ချပေးလိုက် သည့်  အချို့သောဘာသာရပ် များသည် အင်ဂျင်နီယာများနှင့်  တိုက်ရိုက်မသက်ဆိုင်သော် လည်း၊ လုပ်ငန်းခွင်အတွင်း ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်တတ် စေရန်ရည်ရွယ်ပြီး ပို့ချပေးခြင်း ဖြစ်ကြောင်း၊ အင်ဂျင်နီယာများ အနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း များနှင့်အညီ လုပ်ငန်းဆောင်  ရွက်တတ်ရန်နှင့် လုပ်ငန်းများ အချိန်မီ အဆင့်လိုက်ပြီးစီးရ မည့်အပြင် လုပ်ငန်းစာရင်း ဇယားများကို အချိန်မီပြုစု ရှင်းလင်းနိုင်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့်နေရာ တွင် မှတ်တမ်းနှင့် လုပ်ငန်း ဆိုင်ရာ အချက်အလက် (Data) များကို ပြုစုထားဖို့လိုအပ် ကြောင်း၊ ယင်းမှတ်တမ်းအချက် အလက်များသည် နောင် တာဝန်ထမ်းဆောင်မည့်သူများ အတွက် လုပ်ငန်းလုပ်ကိုင်ရာ တွင် လွယ်ကူစေမှာဖြစ်ကြောင်း၊  ထို့ကြောင့် ဝန်ထမ်းများအနေ ဖြင့် မှတ်တမ်းမှတ်ရာများ ပြုစု ကြရာမှာ အလေ့အကျင့်သဖွယ် ဖြစ်အောင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးကို ဘက်ပေါင်းစုံမှ  ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သည့်အခါတွင်  မိမိဆောင်ရွက် သည့် လုပ်ငန်းသည် အသုံးပြု မည့်နည်းစနစ်၊ procedure ကိုက်ညီမှန်ကန်ဖို့ လိုအပ်သည် သာမက လုပ်ငန်းခွင်တွင် အသုံး ပြုသည့်အထောက်အကူပြု ပစ္စည်းနှင့် လုပ်ငန်းအတွက် အသုံးပြုမည့် ပစ္စည်းများသည် ညီညွတ်ဖို့ လိုအပ်ကြောင်း၊ မိမိ လုပ်ငန်းအပေါ်တွင် အကောင်း မွန်ဆုံးစေတနာထားပြီး ကိုယ် ကျင့်တရား ကောင်းမွန်စွာဖြင့် ရိုးသား၊ ကြိုးစားသွားကြဖို့ မှာကြားလိုကြောင်း” ပြောကြား သည်။

ဆက်လက်၍  ဒုတိယ မြို့တော်ဝန်က  သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းသား၊  သင်တန်းသူ များကိုယ်စား သင်တန်းသား ခေါင်းဆောင်အား လည်းကောင်း၊ သင်တန်းတွင် ပထမဆု ရရှိသည့် အင်ဂျင်နီယာဌာန (အဆောက် အအုံ) ပုံသေဝန်ထမ်း ဒေါ်မေသဉ္ဇာ ကျော်၊ ဒုတိယဆုရရှိသည့် အင်ဂျင်နီယာဌာန (အဆောက် အအုံ) ပုံသေဝန်ထမ်း ဒေါ်ကြေး မုံမိုးနှင့် တတိယဆုရရှိသည့် အင်ဂျင်နီယာဌာန (အဆောက် အအုံ) အငယ်တန်း အင်ဂျင် နီယာ ၂ ဒေါ်ချိုမြဒါလီတို့အား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့် သည်။

အဆိုပါသင်တန်းသို့   ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ       သင်တန်းသား/ သင်တန်းသူ ၅၀ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး  ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ