နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် စတုတ္ထအကြိမ် သင်းလုံးကျွတ်အစည်းအဝေး ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း ချုပ် Federation Of (MLAC) ၏ စတုတ္ထအကြိမ် သင်းလုံးကျွတ် အထွေထွေအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံ ဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်း ဒေသကြီးဥပဒေချုပ် ဦးဌေး အောင်၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်နာယက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးဇော်ဝင်းနှင့် နာယကများ ဥက္ကဋ္ဌဦးကျော်ဝင်း နှင့်  ဗဟိုအမှုဆောင် ကော်မတီ ဝင်များ အသင်းဝင်များ ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းက ဂုဏ်ပြု အမှာစကား ပြောကြားသည်။ (ပုံ)

ဆက်လက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ် ဥက္ကဋ္ဌတို့က အမှာ စကားပြောကြားကြသည်။

ထို့နောက် သင်းလုံးကျွတ် အထွေထွေအစည်းအဝေးသို့ တင်သွင်းသည့် ဗဟိုအမှုဆောင် ကော်မတီ၏ အစီရင်ခံစာကို အထွေထွေအတွင်းရေးမှူး ဦးသက်ကိုကိုက ဖတ်ကြားတင် ပြပြီး၊ MLCA အသင်းချုပ်၏ ငွေစာရင်းရှင်းတမ်းကို တွဲဖက် ဘဏ္ဍာရေးမှူး ဦးခင်မောင် လတ်က ဖတ်ကြားတင်ပြ အတည်ပြုကြသည်။

အောင်မြင့်ဌေး  (မြို့တော်သတင်း)







အခြားဆက်စပ်သတင်းများ