ဖေဖော်ဝါရီ ၁၉
ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ၏ပွဲစဉ် တစ်ပွဲအဖြစ် အက်စတွန်ဗီလာအသင်း နှင့် အာဆင်နယ်အသင်းတို့ ယမန်နေ့ ညပိုင်းက ဗီလာပက်ခ်ကွင်း၌ ယှဉ်ပြိုင် ကစားရာအာဆင်နယ်အသင်းက အက်စတွန်ဗီလာအသင်းကို လေးဂိုး၊ နှစ်ဂိုးဖြင့်အနိုင်ရရှိပြီး အမှတ်ပေးဇယား ကို ဦးဆောင်နိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်း အခွင့်အရေးများစွာရရှိခဲ့သော်လည်း တိုက်စစ်မှူး အန်ကီတီယာအဆုံးသတ် လိုအပ်ချက်များကြောင့် ယခုထက် ဂိုး မပြတ်ခဲ့ခြင်းဖြစ်သည်။
ပထမပိုင်းပွဲအစ ၅ မိနစ်တွင် ဝက်စ်ကင်က အက်စတွန်ဗီလာအသင်း အတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့သော် လည်း ၁၆ မိနစ်တွင် ဆာကာက အာဆင်နယ်အသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့သည်။
ထို့နောက် ပွဲက အကြိတ်အနယ် ရှိလာခဲ့ပြီး ၃၁ မိနစ်တွင် သွင်းယူခဲ့သော ကော်တင်ဟို၏ သွင်းဂိုးဖြင့် အိမ်ရှင် အက်စတွန်ဗီလာအသင်း ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် အာဆင်နယ်အသင်း ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ၆၁ မိနစ် တွင် ဇင်ချန်ကို၏သွင်းဂိုးဖြင့် ချေပဂိုး ပြန်လည်ရရှိခဲ့သည်။ ၉၃ မိနစ်တွင် ဂျော်ဂျင်ဟို၏ အဝေးကန်ချက်ဖြင့်တိုင်ထိ ပြီးပြန်ထွက်လာသည့်ဘောလုံးကို ဂိုး သမားမာတီနက်ဇ်၏ခေါင်းဖြင့် ပြန်ထိ ကာ ဂိုးဝင်ခဲ့ခြင်းကြောင့် အာဆင်နယ် အသင်းအနိုင်ဂိုးရရှိခဲ့ပြီး နောက်ထပ် အနိုင်သေချာစေမည့် သွင်းဂိုးကို ၉၈ မိနစ်တွင် မာတင်နယ်လီက သွင်းယူပေး ကာ အဝေးကွင်းတွင် အနိုင်သုံးမှတ်ရယူ နိုင်ခဲ့သည်။
အာဆင်နယ်အသင်းသည် ရမှတ် ၅၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယနေရာမှ မန်စီးတီးထက် တစ်ပွဲလျော့ကစားကာ ၂ မှတ်ဖြတ်ထားနိုင်ခဲ့သည်။
အခြား ပရီးမီးယားလိဂ်ပွဲစဉ်များ တွင် ဖူလ်ဟမ်က ဘရိုက်တန်ကိုတစ်ဂိုး၊ ဂိုးမရှိ၊ ဆောက်သမ်တန်က ချဲလ်ဆီးကို တစ်ဂိုး၊ ဂိုးမရှိ၊ အဲဗာတန်က လိဒ်စ်ကို တစ်ဂိုး၊ ဂိုးမရှိ၊ ဘုန်းမောက်ကဝုဗ်လ်ကို တစ်ဂိုး၊ဂိုးမရှိနှင့် လီဗာပူးက နယူးကာဆယ် ကို နှစ်ဂိုး၊ဂိုးမရှိဖြင့် အသီးသီးအနိုင်ရရှိ ခဲ့ကြပြီး ဘရန့်ဖို့ဒ်နှင့် ခရစ္စတယ်ပဲ့လေ့စ်၊ နော်တင်ဟမ်နှင့် မန်စီးတီးအသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက် ပေါ်ခဲ့ကြောင်း သိရသည်။
သူရိန်