နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ကြိုးပမ်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနရုံးတွင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆောက် အဦး၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အထူးအဖွဲ့ များ၊ သင်္ဃန်းကျွန်းခရိုင်၊ ကမာရွတ်ခရိုင်၊ သန်လျင်ခရိုင်၊ တွံ​တေး ခရိုင်၊ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်နှင့်အင်းစိန်ခရိုင် တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်သောလုပ်ငန်းများ ကို အရှိန်မြှင့်ဆက်လက်ဆောင်ရွက်ရေး၊ ဝန်ကြီးဌာန၏ အဓိက တာဝန်ဖြစ်သော ပြည်သူများသွားလာရေးနှင့်နေထိုင်ရေး လွယ်ကူ အဆင်ပြေစေရန်  လမ်းပန်းဆက်သွယ်ရေးနှင့်အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပြီး တိုင်းဒေသကြီး အတွင်းရှိ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 အလားတူ ဖေဖော်ဝါရီ ၁၇ ရက်က ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း ရန်ကုန်ဘက်ခြမ်းလုပ်ငန်းခွင်သို့ ရန်ကုန် ဘက်ခြမ်း PY 2 ဘိုးပိုင်လုပ်ငန်းများ၊ ပိုင်တိုင်ထိပ်အုပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဒလဘက်ခြမ်း PY 1  ဘိုးပိုင်နှင့်ပိုင်တိုင်ထိပ်အုပ် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ သည်။

မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများအနက်၊ မြန်မာ-ကိုရီး ယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားသည် အကြီးဆုံးနှင့် အရှည် ဆုံးဖြစ်ပြီး တံတားအရှည် ၆၁၂၈ ပေ၊ ပင်မတံတားအရှည်ပေ ၂၂၆၄၀၊ ရန်ကုန်ဘက်ချဉ်းကပ်တံတားအရှည် ၁၈၉၁ ပေ၊ ချဉ်းကပ်တံတား အကျယ် (နှစ်လမ်းသွား) ၄၇ ပေဖြစ်ပြီး၊ ဒလဘက်ခြမ်းတွင် ချဉ်းကပ် တံတးအရှည် ၁၉၇၂ ပေ၊ ချဉ်းကပ်တံတားအကျယ် (လေးလမ်းသွား) ၈၇ ပေ၊ ရန်ကုန်ဘက်ခြမ်းတွင် ဆင်ခြေလျှောတံတားများ အကျယ် ၂၃ပေရှိပြီး၊ တံတားအောက်ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်း သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေရှိပြီး တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်သည်။ အဆိုပါတံတားစီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှလုပ်ငန်းများစတင်ခဲ့ရာ   ယခုအခါတံတားတစ်စင်းလုံး လုပ်ငန်းပြီးစီးမှု ၅၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 ထို့အပြင်   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည်  ရန်ကုန်မြို့တော်ကြီးကို   အဆင့်မြင့်မြို့တော်ကြီးအဖြစ် တည်ဆောက်ရာတွင် လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့စေရေး  အတွက် လမ်း၊ တံတားများကောင်းမွန်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။

 သို့ဖြစ်ရာ ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများဖြစ် သော လမ်း၊ တံတားလုပ်ငန်းများ၊ အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာဖြင့် သတ်မှတ် ကာလတွင်း ပြီးစီးအောင်ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်ရပေသည်။







အခြားဆက်စပ်သတင်းများ