ဖေဖော်ဝါရီ ၁၉
ယူရိုပါလိဂ်ရှုံးထွက်အဆင့် ဘာစီလိုနာနှင့် မန်ယူအသင်းတို့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည့် ပွဲစဉ်တွင် ဘာစီလိုနာကွင်းလယ်ကစား သမား ပက်ဒရီဒဏ်ရာရရှိ ခဲ့ခြင်း ကြောင့် တစ်လခန့်အနား ယူရ မည်ဖြစ်သည်။
မန်ယူအသင်းနှင့်ပွဲစဉ်တွင် ပက်ဒရီသည် ခြေစွမ်းပြကစား နိုင်ခဲ့သော်လည်းပွဲကစား ချိန် ၄၁ မိနစ်တွင် ပေါင်ကြွက်သား ဒဏ်ရာ ရရှိခဲ့ပြီး အသင်းဖော် ရော်ဘတ်တိုနှင့်လူစားလဲခဲ့ရ ကာ ယင်း၏ ဒဏ်ရာအခြေ အနေမှာ အနည်းငယ်ပြင်းထန် သည့် အတွက် တစ်လခန့် အနား ယူ ရမည်ဖြစ်ကြောင်းနည်းပြ ဇာဗီကပြောသည်။
ထို့ကြောင့် ပက်ဒရီသည် ဘာစီလိုနာအသင်း၏အဓိကပွဲ စဉ်များဖြစ်သည့် မန်ယူအသင်း နှင့် ယူရိုပါလိဂ် ဒုတိယ အကျော့၊ ရီးရဲလ်မက်ဒရစ်အသင်းနှင့် စပိန်ကိုပါဒယ်ရေးဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်များအပါအဝင် အမှတ်ပေး ပွဲစဉ်များဖြစ်သည့် ကာဒီဇက်၊ အယ်မာရီယာ၊ ဗလင် စီယာနှင့် ဘီလ်ဘာအို အသင်း တို့၏ ပွဲစဉ်များကိုလွဲချော် မည် ဖြစ်သည်။
သူရိန်