ဖေဖော်ဝါရီ ၁၈
ချဲလ်ဆီးအသင်းသည် ဇန်နဝါရီ ကစားသမားအပြောင်း အရွှေ့ကာလကအေတီကို အသင်းမှ ခြောက်လအငှားစာချုပ် ဖြင့်ခေါ်ယူထားသည့် တိုက်စစ် မှူး ဂျာအိုဖီးလစ်ကို စာချုပ် သက်တမ်းကုန်ဆုံးပါက ပြောင်း ရွှေ့ကြေး စတာလင်ပေါင်သန်း ၁၀၀ ဖြင့် အပြီးသတ်ခေါ်ယူနိုင် ရန်ကြိုးပမ်းနေကြောင်း သိရ သည်။
အသက် ၂၃ နှစ်အရွယ်ရှိ ဂျာအိုဖီးလစ်သည် ချဲလ်ဆီး အသင်းတွင် ပုံစံကောင်းပြသနေ ပြီး အသင်းတာဝန်ရှိသူများက ပရီးမီးယားလိဂ်တွင် အသားကျ လွယ်သည့် တိုက်စစ်မှူးကို အပြီး သတ်ဝယ်ယူခွင့်ရရှိရန် ကြိုးပမ်း နေခြင်းဖြစ်သည်။
အေတီကိုအသင်းသည် နည်းပြ ဆီမြွန်နီ၏ ကစားကွက် နှင့်ကိုက်ညီမှုမရှိသည့် ဂျာအို ဖီးလစ်၏ ပြောင်းရွှေ့ကြေးကို ယခင်က ယူရိုသန်း ၁၃၀ ဝန်းကျင် သတ်မှတ်ထားသော်လည်း ချဲလ်ဆီးအသင်းက အပြီးသတ် ဝယ်ယူရန် တရားဝင်ကမ်းလှမ်း ခဲ့ပါက ပြောင်းရွှေ့ကြေးလျှော့ချ၍ ရောင်းချဖွယ်ရှိနေသည်။
သူရိန်