နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးခြင်းနှင့် အသိပညာပေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

နည်းဥပဒေ၊  ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့သည် မြို့ပြလူနေထူထပ်ခြင်း၊ ဧရိယာကြီးမား ကျယ်ပြန့်ခြင်းနှင့်လမ်းကွန်ရက်များပြားသည့် ခရိုင်၊ မြို့နယ်အလိုက် ပူးပေါင်းအဖွဲ့များ စနစ်တကျဖွဲ့စည်း တာဝန်ပေးအပ်ပြီး ကျယ်ကျယ် ပြန့်ပြန့် ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့်အစည်ကားဆုံးမြို့ မှာ ရန်ကုန်မြို့ဖြစ်သည်။ လူမှုဘဝဖြစ်ထွန်းမှုအားလုံးကို ရန်ကုန်မြို့ တွင် ရှုမဆုံးမြင်တွေ့နိုင်သည်။ ထိုအထဲတွင် မော်တော်ယာဉ်များ တိုးတက်များပြားလာမှုမှာ ရန်ကုန်မြို့တွင် အများဆုံးဖြစ်ရာ နောက်ဆက်တွဲ ဆိုးကျိုးမှာ ယာဉ်ကြောပိတ်ဆို့သဖြင့် ခရီးသွားလာ မှု ကြန့်ကြာခြင်း၊ စက်သုံးဆီကို နိုင်ငံခြားငွေဖြင့် ဖြည့်ဆည်းပေးနေ ရခြင်း၊ ယာဉ်အန္တရာယ်ကို ပိုမိုကြုံတွေ့နိုင်ခြင်း၊ မွန်းကျပ်မှုများ စိတ်ဖိစီးမှုများစသည်တို့ ရင်ဆိုင်လာကြရသည်။

ယာဉ်သုံးစွဲသူများနှင့်လမ်းအသုံးပြုသူတို့ စည်းကမ်းတကျ လိုက်နာခြင်းဖြင့် မွန်းကျပ်မှုမှ ကင်းဝေနိုင်မည်ဖြစ်သည်။ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း၊ ပညာပေးရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုအပ်သည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) က ကြီးမှူး၍ စည်းကမ်းဖောက်ဖျက်သည့်  YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ ၂/၂၀၂၃ ကို  YRTC ရုံးချုပ် သင်တန်းခန်းမ၌ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပရာ  YBS ယာဉ်မောင်း ၁၀၀ ဦးတက်ရောက်သည်။

ဆွေးနွေးပွဲတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်း အရင်းများ၊ ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်ပါ ပြစ်ဒဏ်များဆွေးနွေးပို့ချ ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ယာဉ်မောင်း များနှင့် အပြန်အလှန်ဆွေးနွေးကြသည်။ အလားတူ အင်းစိန်မြို့နယ် ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၅ ရက်က ရွာမအလယ်ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး၊ အထက ၆ ကျောင်းရှေ့၊ ဖြတ်သန်းသွားသည့်ယာဉ်များကို ယာဉ်အန္တရာယ် ကင်းဝေးစေရေးလိုက်နာရမည့်အချက်များ၊ ယာဉ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့်စည်းကမ်းချက်များနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသိရှိလိုက်နာရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

အဓိကအချက်မှာ တစ်ဦးချင်း စည်းကမ်းလိုက်နာမှု တာဝန် သိတတ်မှုပင်ဖြစ်ရာ လမ်းအသုံးပြုသူများအနေဖြင့် နိုင်ငံကြီးသား ပီသအောင်ကျင့်ကြံအားထုတ်ခြင်းဖြင့် မွန်းကျပ်မှုကင်းဝေစေချင် ကြောင်း တိုက်တွန်းနှိုးဆော်ရပေသည်။






အခြားဆက်စပ်သတင်းများ