နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွန့်ပစ်အမှိုက်များ လျှော့ချရေး ပူးပေါင်းဆောင်ရွက်

ကျွန်ုပ်တို့သည် ငယ်စဉ်တောင်ကျေးကလေးဘဝမှ မိဘများ၏ သွန်သင်ဆုံးမမှုများဖြင့် သန့်ရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးစေ ခဲ့၏။ လိုက်နာစေခဲ့၏။ ထိုမှတစ်ဖန် ပညာသင်ကြားရာကျောင်းနှင့် ရပ်ရွာအကျိုးစုပေါင်းဆောင်ရွက်ရာတွင်လည်း စည်းကမ်းကျန သန့်ရှင်းသပ်ရပ်အောင် ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ခဲ့၏။

အမှိုက်သရိုက်များနှင့်နေချင်စဖွယ်အလျဉ်းမရှိသော ညစ်ညမ်း သောနေရာသည် လူတို့အတွက် ရောဂါဘယအမျိုးမျိုးဖြစ်စေနိုင် သည်။ ဆိုးဆွမ်းသော စိတ်ညစ်စိတ်နွမ်းများကိုဖြစ်စေ၏။ ကိုယ်စိတ် နှလုံးရွှင်ပြုံးချမ်းသာခြင်းကိုလည်း လုံးဝမပေးစွမ်းနိုင်ချေ။

 အမှန်အားဖြင့် သန့်ရှင်းသောနေရာများကို လူတိုင်းနှစ်သက်ကြ ၏။ ညစ်ညမ်းသောနေရာများကိုကား မနေလိုကြ။ လူတို့၏ ဓမ္မတာ သဘောပင်ဖြစ်ချေ၏။ ယင်းသို့ဆိုလျှင် မိမိနေရာမိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားရမည်။ အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ရန်လိုအပ်သည်။  

အများသူငါ ပူးပေါင်းနေထိုင်ကြသော စီးပွားရေးလုပ်ငန်းခွင်၊ ပညာသင်လုပ်ငန်းများနှင့်ဝန်ထမ်းဘဝကို ဖြတ်သန်းရာတွင်လည်း ကိုယ်စီတာဝန်နှင့်သန့်ရှင်းသပ်ရပ်မှုများဖြင့် စွမ်းဆောင်နေကြသည်။ သို့သော်လည်း အများသူငါနေထိုင်ရာ ရုံး၊ ကျောင်း၊ ဆေးရုံတို့၏ ပတ်ဝန်းကျင်တွင် အသိခေါက်ခက်အဝင်နက်သည့် အပြုအမူအလေ့ အထများ၊ စိတ်ညစ်နွမ်းစေသည့် အမူအကျင့်များဖြင့်  တဒင်္ဂဆုံးဖြတ် ချက်များကြောင့် ပတ်ဝန်းကျင်ကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ အနှောင့်အယှက်ဖြစ်ရသည်။ 

သို့ဖြစ်ရာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို အထောက်အကူဖြစ် စေသည့် သန့်ရှင်းသောနေရာများကို ကိုယ်တိုင်ကိုယ်ကျပူးပေါင်း ပါဝင် စွမ်းဆောင်စေချင်သည်။

 ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် UN-Habitat နှင့် သန့်မြန်မာ တို့ ပူးပေါင်း၍ စွန့်ပစ်အမှိုက်များတွင်ရောထွေးပါဝင်နေသည့် ပလတ်စတစ်များကို ခွဲထုတ်၍ ပလတ်စတစ်အမှိုက်များဝယ်ယူသည့် လုပ်ငန်းစဉ်ဖြင့် ဖေဖော်ဝါရီ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်တို့တွင် ဒဂုံ မြို့သစ် (တောင်ပိုင်း)၊ ရွှေပေါက်ကံ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် များတွင် ရပ်ကွက်နေပြည်သူများထံမှ ပလတ်စတစ်အမှိုက်တစ်ပိဿာ လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူခဲ့သည်။ အမှိုက်များတွင်ပါဝင်နေ သည့် ပတ်ဝန်းကျင်ကို ဆိုးကျိုးပေးနိုင်သည့် ပလတ်စတစ်များအား လျှော့ချနိုင်ခြင်း၊ အမှိုက်ပမာဏလျှော့ချနိုင်မှုတို့ကို အထောက်အပံ့ ဖြစ်စေသည်။ သန့်ရှင်းသော၊ ပတ်ဝန်းကျင်ကို ဖော်ဆောင်ရာတွင် ပလတ်စတစ်မသုံးစွဲရေးနေ့များ  သတ်မှတ်ခြင်း၊ စွန့်ပစ်အမှိုက်၊ ပလတ်စတစ်အမှိုက်များ  ဝယ်ယူခြင်းကို ရန်ကုန်မြို့အနှံ့တိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် စွန့်ပစ်အမှိုက်များ လျှော့ချနိုင်သကဲ့သို့ သန့်ရှင်း သပ်ရပ်သော မြို့တော်ဖြစ်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေသည်ဟု ဆိုချင်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ