နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂံရှိ ဟိုတယ် လုပ်ငန်းအများစု ပြည်တွင်း ခရီးသွားများ လည်ပတ်နိုင်ရန်သာ မျှော်မှန်းလုပ်ကိုင်နေရ ဟုဆို

ညောင်ဦး  ဇွန် ၁၈


ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်း အများစုအနေဖြင့်ပြည်တွင်းခရီးသွားများ လည်ပတ်နိုင်ရန်အတွက်ကိုသာ မျှော်မှန်းပြီး ပြင်ဆင်နေရကြောင်း ဟိုတယ်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

လက်ရှိ COVID - 19 ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်စည်ကမ်းများဖြစ်သည့် အချက် ၅၉ ချက်နှင့် ကိုက်ညီမှုရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သော်လည်း ဟိုတယ်လုပ်ငန်း အများစုမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ရပ်တည်နိုင်ရန် ခက်ခဲနေကြောင်း သိရသည်။


“ဟိုတယ်လုပ်ငန်း ကျဆင်းသွားတာက မတ်လထဲကစတာပါပဲ။ ခရီးသွား ဧည့်သည်အတော်ကို နည်းသွား တယ်။ နောက်ဆုံးပြည်တွင်းကူးစက်မှုများလာတဲ့အခါမှာ ဟိုတယ်လုပ်ငန်းတွေ ပိတ်လိုက်တာပေါ့နော်။ အဲ့မှာ ဧည့်အဝင်လုံးဝမရှိတော့ဘူး။ လတ်တလောတော့ အချိန်ယူရဦးမယ်။ ပြည်တွင်းခရီးသွားကိုပဲ မျှော်မှန်းပြီးလည်ပတ် နိုင်ဖို့အတွက် ပြင်ဆင်ရမှာဖြစ်တယ်”ဟု ဟိုတယ် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ပုဂံအခြေစိုက် ဟိုတယ်လုပ်ငန်းများ ကျဆင်းလာခြင်းမှာ ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုသည့် လေကြောင်း လိုင်းများ ပြေးဆွဲခွင့် ယာယီရပ်ဆိုင်းထားသည့်အတွက် နိုင်ငံခြားဧည့်သည်များ ဝင်ရောက်မှုမရှိတော့ကြောင်း၊ ထို့အပြင် ပြည်ပ နိုင်ငံခြားသားဧည့်သည်တို့၏  နိုင်ငံအလိုက် ခရီးသွားလည်ပတ်မှု ယာယီဆိုင်းငံ့ထားမှု များကြောင့် ဖြစ်ကြောင်း သိရသည်။


           ပုဂံဒေသရှိ ဟိုတယ်ခရီးလိုင်စင် ရထားသူ အလုံးရေ ၁၀ဝ ကျော်ရှိ ဟိုတယ်ပိုင်ရှင် အများစုမှာ ဟိုတယ်ဝန်ထမ်းများ၏ လစာ ငါးဆယ်ရာခိုင်နှုန်းအထိ အမြင့်ဆုံးပေးထားရသည့် အခြေအနေမျိုးများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။                                                                                 

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ