နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားမှုနှင့် ရေယာဉ်မီးသတ်စခန်း တည်ဆောက်မည့်နေရာကြည့်ရှု စစ်ဆေး

မန္တလေး  ဇွန် ၁၈


မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်သူရသည် ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၄၈လမ်းရှိ မန္တလေးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ မန္တလေးခရိုင် မီးသတ်ဦးစီးမှူးဦးထက်အောင်နှင့်မြို့နယ်မီးသတ်ဦးစီးမှူးများ၊ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး မီးဘေးကြိုတင် ကာကွယ်ရေး၊ခေတ်မီမီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာများအား  လမ်းညွှန်မှာကြားပြီးယာဉ်/စက်များအားကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနလေ့ကျင့်ရေးကွင်း ခြံစည်းရိုးကာရံနေမှုများနှင့်တပ်ဖွဲ့ဝင်များစိုက်ပျိုးရေးမွေးမြူရေးဆောင်ရွက်ထားမှုများအား ကြည့်ရှုသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့်အတူမန္တလေးခရိုင် မဟာအောင်မြေမြို့နယ်သံလျှက်မော် အနောက်ရပ်ကွက် ကမ်းနားလမ်းပေါ်တော်မူဘုရားငါးဆူအနီးတွင်   ရေယာဉ်မီးသတ်စခန်းတည်ဆောက်မည့် မြေနေရာအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ