နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကာလ စားဝတ်နေရေး လုပ်ငန်းများအပေါ်ထိခိုက်မှုလျော့နည်းစေရန် ကျေးရွာသုံးရွာတွင် ချေးငွေကျပ် ၁၂၆ သန်း ထုတ်ချေး

စလင်း  ဇွန် ၁၈


မကွေးတိုင်းဒေသကြီး ‌မင်းဘူးခရိုင် စလင်းကန်တော်၊ ပေါက်ကုန်း၊ ငွေတောင်ကျေးရွာ သုံးရွာတွင် ကျေးရွာနေပြည်သူများ၏ စားဝတ်နေရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများလျော့နည်းစေရန်နှင့် တစ်နိုင်တပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အတိုးငွေပြား၅၀နှုန်းဖြင့် မြစိမ်းရောင် စီမံကိန်း ချေးငွေကျပ် ၁၂၆သန်း ကို ဇွန် ၁၈ ရက် နံနက် ၁၁ နာရီ ၃၀မိနစ်က အဆိုပါ ကျေးရွာသုံးရွာ၌ထုတ်ချေး ပေး‌အပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ကန်တော်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ပဉ္စမနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ကိုင်သူ ၈၈ ဦး အားချေးငွေကျပ် ၂၇ ဒသမ ၃ သန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၄၈ဦးအား ချေးငွေ ကျပ် ၁၄ ဒသမ ၃၅သန်း ၊ အရောင်းအဝယ်လုပ်ကိုင်သူ ၁၈ဦးအား ချေးငွေကျပ် ၅ ဒသမ ၇သန်းအားလည်းကောင်း၊ ပေါက်ကုန်း ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၁၅ ဦးအား ချေးငွေကျပ် ၂၉ ဒသမ ၄ သန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၂၃ ဦးအား ချေးငွေ ကျပ် ၄ ဒသမ ၄သန်းအားလည်းကောင်း၊ ငွေတောင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၀ဦးအား ချေးငွေကျပ် ၄ ဒသမ ၇သန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၁၁၂ဦးအား ချေးငွေကျပ် ၃၅ ဒသမ ၉၅သန်း ၊  အရောင်းအဝယ်လုပ်ကိုင်သူ ၁၀ဦးအား ချေးငွေကျပ် ၄ ဒသမ ၂သန်း စုစုပေါင်း မြစိမ်းရောင်အသင်းဝင် ဦးရေ ၄၂၄ ဦးအား ချေးငွေကျပ် ၁၂၆ သန်း ထုတ်ချေးပေးခဲ့ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းတာဝန်ခံ ဒေါ်ဆွေဇင်လှိုင်ထံမှ သိရသည်။


ထိုသို့ထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော Covid-19 ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များ၊ မြစိမ်းရောင်ချေးငွေထုတ်ချေးပေးနိုင်ရေးစီမံချက်များနှင့် အညီ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းတာဝန်ခံ ဒေါ်ဆွေ ဇင်လှိုင်နှင့် တာဝန်ကျဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့်  ကျေးရွာမြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များပူးပေါင်း၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)






အခြားဆက်စပ်သတင်းများ