ဖေဖော်ဝါရီ ၁၆
ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ် အဖြစ် အာဆင်နယ်အသင်းနှင့် မန်စီးတီး အသင်းတို့ ယနေ့နံနက်အစောပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားကြ ရာ မန်စီးတီးအသင်းက အာဆင်နယ် အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီရရှိခဲ့ကြသော်လည်း အဆုံးသတ်ပိုင်းပိုမိုသေချာသည့် မန်စီးတီး အသင်းက နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ပထမပိုင်းတွင် အာဆင်နယ်အသင်း ကစားကွက်ပိုသာခဲ့ပြီး မန်စီးတီးအသင်း ကို ဖိအားပေးနိုင်ခဲ့ကာ ဂိုးကန်သွင်းခွင့် အချို့ရရှိခဲ့သော်လည်း တိုက်စစ်ပိုင်း အဆုံးသတ်လိုအပ်ချက်ရှိနေခြင်းကြောင့် ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။
ပွဲကစားချိန် ၂၄ မိနစ်တွင် အာဆင် နယ်ခံစစ်ကစားသမား တိုမီယာဆု၏ လူပေးမှားယွင်းမှုကတစ်ဆင့် ဒီဘရိုင်း က မန်စီးတီးအသင်းအတွက် အဖွင့်ဂိုး ကိုသွင်းယူပေးခဲ့သော်လည်း ၄၂ မိနစ် တွင် ဆာကာက ပင်နယ်တီကတစ်ဆင့် အာဆင်နယ်အသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် မန်စီးတီးအသင်း ကစားကွက်ပိုမိုကောင်းမွန်လာခဲ့ပြီး အာဆင်နယ်အသင်းခံစစ်ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့ကာ နောက်ထပ်အနိုင်ဂိုး များကို ၇၂ မိနစ်တွင် ဂရီးလစ်ရှ်နှင့် ၈၂ မိနစ်တွင် ဟာလန်းတို့က သွင်းယူပေးခဲ့ သည်။
အဆိုပါနိုင်ပွဲကြောင့်မန်စီးတီး အသင်းသည် ရမှတ် ၅၁ မှတ်ဖြင့် အာဆင်နယ်ထက် တစ်ပွဲပိုကစားထား ပြီး ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။
ထို့ပြင် ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ပထမအကျော့ ပွဲစဉ်များတွင် ဒေါ့မွန်အသင်းက ချဲလ်ဆီး အသင်းကို တစ်ဂိုး၊ ဂိုးမရှိနှင့် ဘင်ဖီကာ အသင်းက ဘရုဂျက်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။
သူရိန်