နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးအလုပ်သမားပပျောက်ရေး ကြိုးပမ်းဆောင်ရွက်

နိုင်ငံတကာအလုပ်အကိုင်အခြေအနေများ သုံးသပ်ချက်အရ တစ်ကမ္ဘာလုံးတွင် အမျိုးသမီးနှင့်  ကလေးသူငယ်နှစ်သန်းကျော်မှာ အတင်းအဓမ္မခိုင်းစေသည့် အလုပ်များထဲတွင် ကျင်လည်နေ သည်ဟု သိရသည်။ ယင်းတို့မှာ အိမ်ဖော်ကဲ့သို့ အလုပ်၊ လူခန္ဓာကိုယ် နှင့် ရင်းနှီးလုပ်ကိုင်ရသောအလုပ်၊ ကလေးလုပ်သားများဖြစ်ကြ သည်။

မြန်မာနိုင်ငံသည်  ကလေးသူငယ်  အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သည့် ရက်ပေါင်း ၃၀ အကြာတွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ သည်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ကလေးဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသူများကို ဆိုသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို တိုင်းတာရာတွင် လူ့စွမ်းအား အရင်းအမြစ်များ၏ အခန်းကဏ္ဍသည် အရေးပါသည်။ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုရှိသည့် အလုပ်သမားများ ဖြစ်ပေါ်စေရန် အသိပညာ၊ အတတ်ပညာများ ပြည့်ဝရမည်ဖြစ် သည်။ ကလေးသူငယ်များဘဝမှစ၍ ကျန်းမာကြံ့ခိုင်သော ကလေး သူငယ်များအဖြစ် ပြုစုပျိုးထောင်ပြီး အသိပညာ၊ အတတ်ပညာများ ပြည့်ဝအောင် လေ့ကျင့်ပေးနိုင်မှသာလျှင် နိုင်ငံအတွက် တန်ဖိုး မဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာမည် ဖြစ်သည်။

အဓမ္မခိုင်းစေမှုများနှင့် အကြမ်းဖက်မှုများ ပပျောက်စေရန် ဆင်းရဲနွမ်းပါးသူများ၊ ရပ်တည်ရန်ခက်ခဲသူများ၊ မသိနားမလည်သူ များကို တစ်ဦးချင်း၊ အဖွဲ့အစည်းအချင်း ပူးပေါင်းပါဝင်ကူညီ      စောင့်ရှောက်အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

ယခုအခါ တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရ သော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ၊ လူမှုဝန်ထမ်းဦးစီး ဌာနရုံးတွင် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

လူ့အဖွဲ့အစည်းအတွင်း မိမိလုပ်ငန်းအကျိုးစီးပွားအတွက် လုပ်ကိုင်မှုများဖြစ်သော်လည်း ကလေးအလုပ်သမား ပပျောက် ရေးအတွက် ဝိုင်းဝန်းပူးပေါင်း အသိပညာပေးဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ရပေသည်။






အခြားဆက်စပ်သတင်းများ