ဘုတလင် ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၁၈ ရက်၊ နံနက် ၁၀ နာရီက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၊ မဟာဗန္ဓုလ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ရှေးဦးစွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးဇော်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဒေါ်ဟေသီစုက ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးရမည့် အသက် ၁၈ နှစ် ပြည့်ပြီးသူများ စာရင်းပြုစုပြီးစီးမှု၊ မဲရုံအရေအတွက်နှင့် မဲဆန္ဒနယ်များပြင်ဆင် သတ်မှတ်နိုင်ရန် တင်ပြထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ဆန္ဒမဲပေးရမည့် အသက် ၁၈ နှစ် ပြည့်ပြီးသူများစာရင်းတွင် မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်စသည့် လိုအပ်ချက်များ ပြင်ဆင်ဖြည့်စွက်ရေးနှင့် မဲရုံအလိုက် တာဝန်ပေးအပ်ရေးတို့ကိုရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းမြတ်