ဖေဖော်ဝါရီ ၁၅
ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အဖြစ် ကစားခဲ့ သည့် အာဆင်နယ်နှင့် ဘရန့်ဖို့ဒ်အသင်းပွဲစဉ်၊ ပဲလေ့စ်နှင့် ဘရိုက်တန်အသင်းတို့ ပွဲစဉ်တွင် VAR ဆုံးဖြတ်ချက် မှားယွင်းမှုများရှိခဲ့ကြောင်း ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ် (PGMOL) က ထုတ်ပြန်ခဲ့သည်။
အာဆင်နယ်အသင်းနှင့် ဖရန့်ဖို့ဒ်အသင်းတို့ ပွဲစဉ်၌ အာဆင်နယ်အသင်းက ပွဲချိန် ၆၆ မိနစ်တွင် ထရော့ဆက်ဒ်၏ သွင်းဂိုးဖြင့် ဦးဆောင်ခဲ့သော် လည်း ၇၄ မိနစ်တွင် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးက ချေပဂိုးသွင်းယူခဲ့ရာ အဆိုပါသွင်းဂိုးကို ဖန်တီးပေးခဲ့သည့် နော့ဂတ်ဒ်အနေဖြင့် လူကျွံ အနေအထားတွင်ရှိနေသော်လည်း ကွင်းလယ် ဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့သည်။
ထို့ပြင် ပဲလေ့စ်အသင်းနှင့် ဘရိုက်တန် အသင်းတို့ သရေရလဒ်ထွက်ပေါ်ခဲ့သည့် ပွဲစဉ် တွင်လည်း ပွဲချိန် ၃၂ မိနစ်တွင် သွင်းယူခဲ့သည့် ဘရိုက်တန်ကစားသမားအက်စတူပီနန်၏ သွင်းဂိုးကို VAR ဆုံးဖြတ်ချက်ဖြင့် လူကျွံဘော သတ်မှတ်ပေးခဲ့ပြီး မှားယွင်းစွာဆုံးဖြတ်ခဲ့ကြောင်း PGMOL က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေပွဲစဉ်တွေမှာ VAR ရဲ့ လုပ်ဆောင်ချက်မှားယွင်းတာကို အထင် အရှားမြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့အဖွဲ့ချုပ် အနေနဲ့ နှစ်သင်းစလုံးရဲ့ လူကျွံအနေအထားတွေ ကို ပြန်လည်သုံးသပ်ကြည့်ရှုချိန်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေရှိနေတာကို တွေ့ရပါတယ်” ဟု PGMOL ဥက္ကဋ္ဌဟောင်း ဝက်ဒ်က ပြောသည်။
သူရိန်