ဖေဖော်ဝါရီ ၁၅
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့အဖြစ်ပီအက်စ်ဂျီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယနေ့နံနက်အစောပိုင်း က Le Parc des Princes ကွင်း၌ ယှဉ်ပြိုင်ကစားရာ ဘိုင်ယန်မြူးနစ်အသင်းက ပီအက်စ်ဂျီအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် ဘိုင်ယန်မြူးနစ်အသင်းက ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပီအက်စ်ဂျီအသင်းကို ဖိအားပေးနိုင်ခဲ့ပြီး ပီအက်စ်ဂျီ အသင်းက ဘိုင်ယန်အသင်း၏တိုက်စစ်ဆင်ခြင်းကို ကာကွယ်ရင်းခံစစ်၌သာ အချိန်ကုန်နေခဲ့ကာ ဂိုးကန်သွင်းခွင့်မရှိသလောက် နည်းပါးခဲ့သည်။
ဘိုင်ယန်အသင်းအခွင့်အရေးများ ဖန်တီးနိုင် ခဲ့သော်လည်း တိုက်စစ်ပိုင်းအဆုံးသတ်အားနည်း နေခြင်းကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၅၃ မိနစ်တွင် ဒေးဗိစ်၏ ဖန်တီးပေးမှုကတစ်ဆင့် ကိုးမန်းက ဘိုင်ယန် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။
တိုက်စစ်မှူး အမ်ဘတ်ပီဝင်လာပြီးနောက်ပိုင်း ပီအက်စ်ဂျီအသင်း၏ တိုက်စစ်က ပိုအလုပ်ဖြစ်ခဲ့ ပြီး ဘိုင်ယန်အသင်းခံစစ်ကို ဒုက္ခပေးနိုင်ခဲ့သည်။ ပွဲကစားချိန် ၈၂ မိနစ်တွင် နူနိုမန်းဒက်စ်၏ ဖန်တီးပေးမှုကတစ်ဆင့် အမ်ဘတ်ပီက ပီအက်စ်ဂျီ အသင်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သော်လည်း နူနိုမန်းဒက်စ်လူကျွံနေခြင်းကြောင့် VAR ပြန် ကြည့်ပြီး သွင်းဂိုးပယ်ဖျက်ခံခဲ့ရသည်။
ပွဲချိန် ၉၂ မိနစ်တွင် ဘိုင်ယန်ကစားသမား ပါဗက်နှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခံခဲ့ရပြီး လက်ကျန် မိနစ်များတွင် နှစ်သင်းစလုံး ထပ်မံဂိုးသွင်းယူနိုင် ခြင်းမရှိဘဲ ပွဲပြီးဆုံးခဲ့ကာ နည်းပြနာဂယ်စမန်း၏ ဘိုင်ယန်အသင်းအနေဖြင့် အဝေးကွင်းတွင် နိုင်ပွဲ ရယူနိုင်ခဲ့သည်။
ထို့ပြင် အေစီမီလန်အသင်းနှင့် စပါးအသင်း တို့၏ ပွဲစဉ်တွင်လည်း အေစီမီလန်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အေစီအသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇ မိနစ်တွင် ဒီးယက်ဇ်က သွင်းယူပေးခဲ့ခြင်းဖြစ် သည်။
သူရိန်