နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နို့နှင့်နို့ထွက်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းပါဝင်

မျက်မှောက်ကာလ၌ လူမှုဘဝဝန်းကျင်ရှိ အချို့အချို့သော ငယ်ရွယ်သူတို့ကိုကြည့်လျှင် ကိုယ်ခန္ဓာသေးကွေးပါးလျားနေသည် ကို တွေ့ရမည်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ထွားရေးအတွက် အရွယ်လွန်  သူများပြုပြင်ရခက်သည်။ ငယ်ရွယ်စဉ်ဘဝမှာပင် မိမိကိုယ်ခန္ဓာ ဖွံ့ဖြိုးရေးကို အလေးဂရုပြုကြရသည်။

ယနေ့အခြေအနေတွင် လူငယ်လူရွယ်များမှာ ပညာရေးနှင့် အခြားအပိုချိန်များအတွက် ကုန်လွန်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေး ကို ဂရုမစိုက်နိုင်ကြသည်ကို တွေ့မြင်နေရသည်။ အာဟာရဓာတ် မပြည့်ဝသဖြင့် မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့နှုန်းများနေသည်။

ကလေးသူငယ်များနှင့် ပြည်သူအများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်မြင့်မားရေးအတွက်  နွားနို့နေ့စဉ်ပုံမှန်            သောက်သုံးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာကျောင်း များတွင် နွားနို့တိုက်ကျွေးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

 ကျွန်ုပ်တိုနိုင်ငံတွင် နွားမွေးမြူရေးလုပ်ငန်းသည် ကျေးလက် ဒေသတွင် အဓိကအကျဆုံးနှင့် အရင်းအနှီးအများဆုံးလုပ်ငန်းပင် ဖြစ်သည်။ ယင်းမွေးမြူးရေးလုပ်ငန်းတွင် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်မှုလိုအပ်သည်။  ကျေးလက် ဒေသနေတောင်သူလယ်သမားအများစုသည် နွားမွေးမြူရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက် လာပါက လယ်သမားတို့၏  လူမှုစီးပွားရေးဘဝမြင့်မားလာမည် ဖြစ်သည်။

နို့စားနွားမျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ်တွင် နို့ရည်ခဲချောင်းများ ထုတ်လုပ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖြန့်ဖြူးပေးခဲ့ရာ နိုက်ထရိုဂျင် အရည်များအခမဲ့ပေးပြီး မေထုန်မဲ့နည်းဖြင့် သားစပ်ခြင်းလုပ်ငန်း ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့သည်။

 နို့စားနွားမွေးမြူသူများအား  ခေတ်မီမွေးမြူရေးနည်းပညာရပ် များ   ဖြင့်စနစ်တကျမွေးမြူနိုင်ရေးနှင့်နို့စားနွားမွေးမြူ ထုတ်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန သည် နို့စားနွားမွေး မြူထုတ်လုပ်ရေး ပညာပေးသင်တန်းများ ဖွင့်လှစ်လျက်ရှိသည်။

အဆိုပါသင်တန်းများတွင် စနစ်တကျနို့စားနွားမွေးမြူထုတ်လုပ် ခြင်း၊ နို့ပေးနွားမများ ပြုစုစောင့်ရှောက်ခြင်း၊ နွားငယ်လေးများနှင့် နွားမတမ်းများအား ပြုစုစောင့်ရှောက်ခြင်း၊ နွားများတွင်ဖြစ်တတ် သောရောဂါများနှင့်မေထုန်မဲ့သားစပ်ခြင်းပညာရပ်များကို မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက စာတွေ့ လက်တွေ့ သင်ကြားပေးလျက်ရှိသည်။

နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် နွားမွေးမြူသူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုများတိုးမြှင့်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ