ဇွန် ၁၈
တိုဟူးတွင်ပရိုတင်းဓာတ်အပြည့်ပါဝင်သည်။ ပဲပိစပ်နှင့်လုပ်ထားသည့်တိုဟူးမှာ သင့်ခန္ဓာကိုယ်အတွက် အကျိုးရှိသည့် အာဟာရဓာတ်များစွာပါဝင်ခြင်းကြောင့် အောက်ပါကျန်းမာရေးကောင်းကျိုးများကို ရရှိ စေသည်-
ပရိုတင်းဓာတ် ပြည့်ဝစေခြင်း
ပရိုတင်းဓာတ်အပြည့်အဝပါသည့် တိုဟူးကို သက်သတ်လွတ်စားသူများအနေဖြင့် မဖြစ်မနေ မှီဝဲသင့် သည်။ ကမ္ဘာ့ကျန်းမာရေးနှင့်အညီညွတ်ဆုံး အစားအစာများအကြောင်း လေ့လာမှုတစ်ရပ်အရ တိုဟူး လေးအောင်စ တစ်တုံးမှာ ပရိုတင်းဓာတ် ၉ ဒသမ ၁၆ ဂရမ်ပါဝင်ပြီး အဆိုပါပမာဏမှာ တစ်နေ့တာလိုအပ်သည့် ပရိုတင်းပမာဏ၏ ၁၈ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။
အရိုးသန်စွမ်းကျန်းမာခြင်း
တိုဟူးတွင်ပါဝင်သည့်ကယ်လ်စီယမ်ဓာတ်မှာ အရိုးများကိုသန်စွမ်းကျန်းမာစေကာ အရိုးပါးရောဂါမဖြစ် အောင် ကာကွယ်ပေးနိုင်သည်။
နှလုံးသွေးကြော ကျန်းမာစေခြင်း
တိုဟူးတွင် ပါဝင်သည့် အိုမီဂါ ၃ ဖက်တီးအက်စစ်မှာ နှလုံးကျန်းမာစေပြီး သွေးကြောများတွင် သွေးခဲမှုမဖြစ် အောင် ကာကွယ်ပေးသည်။ ထို့အပြင် သွေးကြောပိတ်ဆို့စေသည့် ကိုလက်စထရောအဆီကိုလည်း လျော့နည်း စေသည်။
ကင်ဆာကို ကာကွယ်ပေးခြင်း
တိုဟူးတွင်ပါဝင်သည့် အိုက်ဆိုဖလေဗုန်းကြောင့် ရင်သားနှင့် ဆီးကျိတ်ကင်ဆာတို့ ဖြစ်နိုင်သည့် အန္တရာယ်ကိုလည်း လျော့ကျစေသည်။
(သူရိန်)