နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးကျင်းပ

မအူပင် ဇွန် ၁၈


ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီကကျင်းပသည်။


အစည်းအဝေးတွင်ခရိုင် COVID-19 ကော်မတီဥက္ကဋ္ဌဦးညီညီထွေးက Facility Quarantine ထားရှိသည့် မအူပင်တက္ကသိုလ်အားကစားခန်းမ၊ဧရာဝတီဆောင်၊သုံးထပ်ဆောင်(I)၏နေထိုင်စားသောက်မှုကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ၊ စားသောက်ရေးအတွက်အရေးပေါ်ရန်ပုံငွေ ၂ ပတ်စာရရှိရေး၊ ကန့်သတ်စောင့်ကြည့် ထားရှိသည့်အခြေခံပညာကျောင်းများအား ဇွန်၁၅ရက်နေ့တွင်ပညာရေးဌာနသို့ ပြန်လည်အပ်နှံပြီးစီးမှုများ၊ လက်ရှိတွင်ဘုရားစေတီ၊ ကမ်းခြေ၊ KTV ဖွင့်လှစ်ခွင့်မပြုမှုများ၊ ည၁၂နာရီမှနံနက်၄နာရီအထိ ညမထွက်ရ     ဒေသန္တရအမိန့်ကိုလျှော့ပေါ့ရန်စီစဉ်ထားရှိမှုများ၊ စက်ရုံအလုပ်ရုံများကွင်းဆင်းစစ်ဆေးရေး၊ နှာခေါင်းစည်း (Mask)တပ်ပြီးနေအိမ်ပြင်ပထွက်ခွာရန် အပတ်စဉ်ဆောင်ရွက်မှုအား ဆက်လက်ဆောင်ရွက်နိုင်ရေးထပ်မံရောက်ရှိမည့်နေရပ်ပြန်ပြည်သူ (၄၀) ဦးအတွက် နေထိုင်စားသောက်ကျန်းမာရေးပြုစုစောင့်ရှောက်နိုင်ရန် ကြိုတင်ပြင်ဆင်ရေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ် COVID-19 ကော်မတီဥက္ကဋ္ဌဦးဝင်းဆန်းက မအူပင်မြို့ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင်ထားရှိသည့်နေရပ်ပြန်ပြည်သူများအတွက် နေထိုင်စားသောက်ရေးဆောင်ရွက်နေမှုများ၊ရန်ပုံငွေ ရရှိမှုနှင့်သုံးစွဲမှုများ၊ ပြည်သူများနေအိမ်ပြင်ပထွက်ပါက Mask နှာခေါင်းစည်းတပ်မှထွက်ရန်ဆောင်ရွက်ထားရှိမှုများပြောကြားခဲ့သည်။


ထို့နောက်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒေါက်တာဇော်ဝင်းလှိုင်က နေရပ်ပြန်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်စားသောက်မှုနှင့် ဇွန် ၂၂ ရက်တွင်(၂၁)ရက်ပြည့်မည့်နေရပ်ပြန်ပြည်သူ များအတွက်ပို့ဆောင်၊ ကြိုဆိုမှုစီစဉ်ရေး၊ နေထိုင်၊ စားသောက်မှုအဆင်ပြေစေရေး ၂၁ရက်ပြည့်သည့်နေရပ်ပြန် ပြည်သူများအားမိမိအိမ်တွင် (Home Quarantine )နေထိုင်ရေးဆက်လက်ကြီးကြပ်ရန်ပြောကြားခဲ့သည်။

ထို့အတူတက်ရောက်လာသူများက ထပ်မံရောက်ရှိမည့် နေရပ်ပြန်ပြည်သူများနေထိုင်၊ စားသောက်၊     ကျန်းမာရေးစောင့်ရှောက်နိုင်ရေး၊ (၂၁)ရက်ပြည့်သည့်နေရပ်ပြန်ပြည်သူများ မိသားစုနေရပ်ထံပြန်လည်ရောက် ရှိရေးအတွက်ပို့ဆောင်၊ကြိုဆိုရေးများကိုဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသိရသည်။


အောင်ခိုင်(မအူပင်)






အခြားဆက်စပ်သတင်းများ