ဖေဖော်ဝါရီ ၁၄
မက္ကဆီကိုအသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာကုန်က အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးခဲ့သည့် နည်းပြမာတီနို နေရာတွင် ဒီယေဂိုကို့ကာအားနည်းပြ သစ်အဖြစ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
နည်းပြ မာတီနိုသည် မက္ကဆီကို အသင်းအား ၂၀၁၉ ခုနှစ်ကတည်းက စတင်တာဝန်ယူကိုင်တွယ်ခဲ့ကာ ပြိုင်ပွဲစုံ ၆၆ ပွဲတွင် ၄၂ ပွဲနိုင်၊ ၁၂ ပွဲသရေ၊ ၁၂ ပွဲရှုံး ရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကွန်ကာကပ် ချန်ပီယံဖလားတစ်ကြိမ် ရယူပေးနိုင်ခဲ့သော်လည်းပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် မက္ကဆီကိုဘောလုံး အဖွဲ့ချုပ်က ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ် သည်။
လက်ရှိတွင် မက္ကဆီကိုဘောလုံး အဖွဲ့ချုပ်က မက္ကဆီကိုကလပ် UANL အသင်းကို တာဝန်ယူကိုင်တွယ်နေသည့် နည်းပြ ဒီယေဂိုကို့ကာကို နည်းပြသစ် အဖြစ်ခန့်အပ်ကာ လာမည့် ၂၀၂၆ခုနှစ်၊ ဒီဇင်ဘာအထိ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ ခြင်းဖြစ်သည်။
“ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ လက်ရွေးစင်နည်းပြခန့်အပ်ဖို့ တော်တော် ခက်ခဲခဲ့ပါတယ်။နည်းပြငါးယောက် လောက်ရွေးချယ်ထားတဲ့အထဲကမှ ကို့ကာကိုခန့်အပ်ခဲ့တာပါ။သူဟာ အောင်မြင်မှုတွေရရှိထားပြီး အတွေ့အကြုံ ကောင်းတွေရှိတဲ့ နည်းပြတစ်ယောက် ပါ”ဟု မက္ကဆီကိုအသင်း အားကစား ဒါရိုက်တာ အော်ဒီယာလက်စ်က ပြော သည်။
သူရိန်