ဖေဖော်ဝါရီ ၁၄
ချဲလ်ဆီးအသင်းသည် ဘဏ္ဍာရေး စည်းမျဉ်းနှင့်မငြိစွန်းစေရန်အတွက် လာမည့် နွေရာသီကစားသမား အပြောင်း အရွှေ့ကာလတွင် ကစားသမားခုနစ်ဦး ထိရောင်းချကာ အသင်းဝင်ငွေရရှိရန် ပြင်ဆင်နေကြောင်း သိရသည်။
ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဘိုလီလက်ထက်တွင် အသင်းအား အင်အားတောင့်တင်းစေရန် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလ နှင့်ဇန်နဝါရီကစားသမားအပြောင်း အရွှေ့ကာလတို့တွင် ပြောင်းရွှေ့ကြေး အသုံးစရိတ်အများအပြား အသုံးပြုပြီး ကစားသမားသစ်များ ခေါ်ယူခဲ့ခြင်းဖြစ် သည်။
ချဲလ်ဆီးအသင်းသည် ပြောင်းရွှေ့ ကြေးအသုံးစရိတ်အများအပြားအသုံးပြု ခဲ့သည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်း နှင့်ငြိစွန်းလာနိုင်သောကြောင့် လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ပူလီဆစ်၊ ဇီးယက်ချ်၊ ကိုဗာချစ်၊ ကန်တီနှင့် အိုဒွိုင်းတို့အပြင် ယခုနှစ်မှခေါ်ယူထားသည့် ကူလီဘာလေ ကိုလည်း ပြန်လည်ရောင်းချရန်ပြင်ဆင် နေခြင်းဖြစ်သည်။
ထို့ပြင်ချဲလ်ဆီးအသင်းသည် အင်တာမီလန်အသင်းထံအငှားဖြင့် စေလွှတ်ထားသည့် လူကာကူကိုလည်း အရောင်းစာရင်းတင်သွင်းထားကြောင်း သိရသည်။
သူရိန်