နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်ဝါဒချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် အတူ ဖွံ့ဖြိုးတိုးတက်မှုကိုမြင်တွေ့နေရသည်။ ထိုသို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့ကျကျအကောင်အထည်ဖော်ရာ တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးသည့် အရေးကြီးသည်။

 နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ စီးပွားရေးလုပ်ငန်းများ     ဖြောင့်ဖြောင့်တန်းတန်းလုပ်ကိုင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူအများစု၏ လိုအပ်ချက်ဖြစ်သော စား၊ ဝတ်၊ နေရေး ဖူလုံရေးကို အလေးပေးဖော်ဆောင်လျက်ရှိသည်။ ထိုနေရာတွင် အဓိကလိုအပ်ချက်မှာ  ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး       ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၀ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၃ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

တစ်နည်းအားဖြင့်   မြန်မာနိုင်ငံနှင့်ကမ္ဘာ့နိုင်ငံများအကြား      ဆက်ဆံရေးတိုးမြှင့်လိုက်ခြင်းပင်ဖြစ်သည်။ တိုးတက်လာသော ဆက်ဆံရေးများအရ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် စီးပွားရေးကဲ့သို့ အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်မည်ဖြစ် သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်  ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များအနက် အဓိကကျသောလုပ်ငန်းစဉ်ဖြစ်သည်။ ငြိမ်းချမ်းရေး မရရှိပါက တိုင်းပြည့်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည်ဖြစ်သည်။

ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားရေး၊ လမ်းပန်းဆက်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုတို့ကို နှောင့်ယှက်ဖျက်ဆီးခြင်းအားဖြင့် ဒေသတွင်း အခက်အခဲ၊ အကျပ်အတည်းများဖြစ်ပေါ်လာရေး၊ ဒေသခံပြည်သူ လူထုများအတွင်း အကြောက်တရားဖြင့် လွှမ်းမိုးထားနိုင်ရေးအတွက် အကြမ်းဖက်သမားများက အကြမ်းဖက်မှုကို လိုလားသည့်အချို့သော  EAO များသည် အများပြည်သူများသွားလာလျက်ရှိသော လမ်း၊ တံတား၊ ဘူတာရုံများကို ဖောက်ခွဲတိုက်ခိုက်မှုများ မဆင်မခြင်ပြုလုပ်လျက် ရှိသည်။

 လွန်ခဲ့သည့်နှစ်နှစ်ကျော်ကာလအတွင်း    မိမိတို့နိုင်ငံတွင်  အကြမ်းဖက်မှုပေါင်း သောင်းချီဖြစ်ပွား၍   ဝန်ထမ်းများ၊ ရဟန်း သံဃာများ၊ ကလေးသူငယ်များ၊ အရပ်သားများလည်း သောင်းချီ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိသကဲ့သို့ ပြည်သူများက တက်ကြွစွာပူးပေါင်းပါဝင်လာခြင်း ဖြင့် အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားမည်ဖြစ်သည်။

နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေး၊  လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းတည်ဆောက်ရာတွင် ပြည်သူ တစ်ရပ်လုံးက အတူတကွပူးပေါင်းလက်တွဲညီညာလျှောက်လှမ်းစေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ