နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဘားအံမြို့ပေါ်ရပ်ကွက်များရှိ အကျိုးခံစားခွင့်ရှိသူများအား COVID 19 ကာလအပိုဆောင်း ထောက်ပံ့ကြေးငွေများလိုက်လံထောက်ပံ့

ဘားအံ  ဇွန် ၁၈


 လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရ အသက်(၈၅)နှစ်နှင့်အထက်အဘိုးအဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား Covid-19 ကာလ အပိုဆောင်းထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်တို့သည် ဇွန် ၁၇ ရက် ညနေ ၄ နာရီက ထောင်ဝိသာသနာ့ရံသီတိုက်ကျောင်း၌ အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ ပေးခဲ့သည်။


ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကအဖွင့်အမှာ စကားပြောကြားပြီး အမှတ်(၇)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက်အဘိုးအဘွား(၁၂)ဦး၊ ကိုယ်ဝန်ဆောင်  မိခင်(၅၄)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ်(၁၁၆)ဦးတို့အတွက် Covid-19 ကာလ အပိုဆောင်း ထောက်ပံ့ငွေ ၅,၄၆၀,၀၀၀ (ငါးဆယ်လေးသိန်း ခြောက်သောင်းကျပ်)ကိုလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက်အဘိုးအဘွား(၇)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၁၇)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ်(၆၆)ဦးတို့အတွက် Covid-19 ကာလအပိုဆောင်းထောက်ပံ့ငွေ ၂,၇၀၀,၀၀၀ (နှစ်ဆယ့်ခုနစ်သိန်းကျပ်)ကိုလည်းကောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးမိခင်များအတွက် အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့သည်။


အလားတူ ဇွန် ၁၆ ရက် မွန်းလွှဲပိုင်းက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ နိဗ္ဗိန္ဒ ဘုန်းတော်ကြီးကျောင်း၌ အမှတ်(၆)ရပ်ကွက်မှအသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၃၀)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၄၉)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ်(၁၀၉)ဦးတို့အတွက် Covid-19 ကာလအပိုဆောင်းထောက်ပံ့ငွေ ၅,၆၄၀,၀၀၀ (ငါးဆယ်ခြောက်သိန်း လေးသောင်းကျပ်)ကိုလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက်အဘိုးအဘွား(၆၄)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၅၃)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ်(၁၃၅)ဦးတို့အတွက် Covid-19 ကာလအပိုဆောင်းထောက်ပံ့ငွေ ၇,၅၆၀,၀၀၀ (ခုနစ်ဆယ့်ငါးသိန်းခြောက်သောင်းကျပ်)ကိုလည်းကောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ