နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်ကျဂိုးများဖြင့် လိဒ်စ်အသင်းကို အနိုင်ရခဲ့သည့် မန်ယူ

ရန်ကုန်  ဖေဖော်ဝါရီ  ၁၃

ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ ၏ ပွဲစဉ်တစ်ပွဲအဖြစ် လိဒ်စ်အသင်းနှင့် မန်ယူအသင်းတို့ ယမန်နေ့ညပိုင်းက အီလန်ရုဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ မန်ယူအသင်းက လိဒ်စ်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် လိဒ်စ်အသင်း၏ လျင်မြန်သည့်တိုက်စစ်ကြောင့် မန်ယူ အသင်းအခက်တွေ့ခဲ့ရပြီး အဝေးကွင်း တွင် ခက်ခက်ခဲခဲနိုင်ပွဲရယူခဲ့ရသည်။

ပထမပိုင်းတွင် လိဒ်စ်အသင်း၏ တိုက်စစ်က အကောင်းဆုံးပုံစံတွင်ရှိနေခဲ့ပြီး မန်ယူအသင်း ခံစစ်နှင့် ဂိုးသမား ဒီဂီယာတို့ကို အကြိမ်ကြိမ်ဒုက္ခပေးနိုင် ခဲ့သော်လည်း အခွင့်အရေးများကို အသုံးချနိုင်ခြင်းမရှိသကဲ့သို့ မန်ယူ အသင်း၏တိုက်စစ်ကလည်း အခွင့်အရေး များ ဖန်တီးနိုင်ခြင်းမရှိသောကြောင့် ဂိုးမရှိသရေရလဒ်ဖြင့် ပထမပိုင်းပြီးဆုံး ခဲ့သည်။

ဒုတိယပိုင်းတွင် မန်ယူအသင်း၏ ကစားပုံ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီးရယူ နိုင်ခဲ့သည်။ ဂါနာချို၊ ဝမ်ဘစ်ဆာကာ နှင့် မာတီနက်ဇ်တို့ လူစားဝင်လာပြီး နောက် တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန် ခဲ့ပြီး ဂါနာချို၏ တောင်ပံတစ်လျှောက် ခြေစွမ်းပြသမှုကြောင့် ရက်ရှ်ဖို့ဒ်လည်း နေရာလွတ်ပိုရလာခဲ့သည်။

မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၈၀ မိနစ်တွင် လုခ်ရှော၏ဖန်တီး ပေးမှုကတစ်ဆင့် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် က ခေါင်းတိုက်သွင်းယူပေးခဲ့ပြီးဒုတိယ မြောက်ဂိုးကို ၈၅ မိနစ်တွင် လူစားဝင် ကစားသမား ဂါနာချိုက သွင်းယူပေးခဲ့ ကာ မန်ယူအသင်းအနေဖြင့် ရမှတ် ၄၆ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည် လျက်ရှိသည်။                               

သူရိန်






အခြားဆက်စပ်သတင်းများ