နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ အောင်မြင်ရေးကြိုးပမ်း

မကြာမီ  တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပတော့မည်။ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေကြပြီ။ အချို့က ဘာသာရပ်အလိုက် အချိန်ဇယားများရေးဆွဲလျက် ကျက်မှတ်လာခဲ့ကြသည်။ အချို့ဘာသာရပ်အလိုက် အရေးကြီး သောအခန်းများကိုသတ်မှတ်၍   ကျက်မှတ်လာခဲ့ကြသည်။ အချို့က ဘာသာရပ်အခန်းတိုင်းကိုမျှ၍ ကျက်မှတ်လာခဲ့ကြသည်။

မည်သို့ပင်ဆိုစေ စာမေးပွဲခန်းထဲရောက်လျှင် မိမိကျက်မှတ်ခဲ့ သော ကျောင်းစာများ ပြန်လည်အမှတ်ရဖြေဆိုနိုင်ဖို့ပင်ဖြစ်သည်။    သင်ကြားထားသည့်သင်ခန်းစာများ   ကျေကျေညက်ညက် တတ်မြောက်ကြသော ကျောင်းသား၊ ကျောင်းသူများ အောင်မြင်ခြင်း   ပန်းတိုင်ကို ဂုဏ်ထူးများဖြင့် ဆွတ်ခူးနိုင်ကြပေသည်။

ဆယ်တန်းကျောင်းသား၊ ကျောင်းသူများသည် တက်သစ်စ လူငယ်ဆယ်ကျော်သက်များဖြစ်၍ မှတ်ဉာဏ်အား စာကျက်အား ကောင်းလှသည်။ အလားတူ စိတ်အာရုံများတက်သော အရွယ် ဖြစ်သည်။  ယခုကာလတွင် ကျောင်းစာကျက်မှတ်ခြင်းနှင့် သတိပြုရမည့်အချက်မှာ ကျန်းမာရေးပင်ဖြစ်သည်။ကျန်းမာရေး မကောင်းလျှင် ကျက်မှတ်ထားသော သင်ခန်းစာများ အလဟဿ ဖြစ်ပေသည်။ ကျန်းမာရေးအာဟာရ ပြည့်ဝရန်လိုအပ်သည်။

 စားမေးပွဲနီးလာသဖြင့် အချို့မှာ အိပ်ချိန်လျှော့ကာ  ကျောင်းစာ များပေါ် အဓိကထားတတ်ကြသည်။ အချို့မှာ ခန့်မှန်းမေးခွန်းများ ကြောင့် အာရုံများကြသည်။ အာဟာရပြည့်ဝ ကျန်းမာစေရန် အစားအစာများကို အချိန်မှန်စားခြင်း၊ အချိန်မှန်အိပ်ခြင်းတို့ လိုအပ်သည်။ စာမေးပွဲနီးလာလျှင် မိမိကျက်မှတ်ထားသော ကျောင်းစာများပေါ်တွင် အ‌လေးထားကာ စိတ်တည်တည်ငြိမ်ငြိမ် ဖြင့် ပြန်လည်လေ့ကျင့်ခန်းများ ပြုလုပ်သင့်သည်။

တစ်နည်းအားဖြင့်ဆိုလျှင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာမေးပွဲနီးလာလျှင် ကျောင်းစာမှအပ ပွဲလမ်းသဘင်  အပျော်အပါးလျှော့၍ ကျန်းမာရေးကို ဂရုပြုစောင့်ရှောက်ခြင်းဖြင့် အနာဂတ်အတွက် အာမခံချက်ဖြစ်လာနိုင်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် အောင်မြင်အောင် ကြိုးပမ်း အားထုတ်  စေချင်ကြောင်း။   ။






အခြားဆက်စပ်သတင်းများ