ဖေဖော်ဝါရီ ၁၂
ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ၏ ပွဲစဉ်တစ်ပွဲအဖြစ် အာဆင် နယ်အသင်းနှင့် ဘရန့်ဖို့ဒ်အသင်း တို့ ယမန်နေ့ ညပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်တစ်ဂိုးစီ ဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပွဲကို စိုးမိုးနိုင်ခဲ့သော်လည်း ဘရန့်ဖို့ဒ်အသင်း၏ ခံစစ်ပိုင်း မာကျောမှုကြောင့် အခက်တွေ့ ခဲ့ရပြီး ထိရောက်သည့် ဂိုး ပေါက်ခြိမ်းခြောက်မှုလည်း အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ သည်။
အသင်းကြီးများနှင့် တွေ့ဆုံ တိုင်း ပုံစံကောင်း ပြသလေ့ ရှိသည့် ဘရန့်ဖို့ဒ်အသင်းက ယခုပွဲစဉ်တွင်လည်း တန်ပြန် တိုက်စစ်ကတစ်ဆင့် အာဆင် နယ်အသင်း ခံစစ်ကို အကြိမ် ကြိမ်ဒုက္ခပေးနိုင်ခဲ့ပြီး ဂိုးရရှိနိုင် သည့် အခွင့်အရေး များလည်း ဖန်တီးနိုင်ခဲ့သည်။
အာဆင်နယ် အသင်း အတွက် အဖွင့်ဂိုးကို ၆၆ မိနစ် တွင် လူစားဝင် ကစားသမား ထရော့ဆက်ဒ်က သွင်းယူပေး ခဲ့သော်လည်း ၇၄ မိနစ် တွင် အီဗန်တိုနီက ဘရန့်ဖို့ဒ် အသင်း အတွက် ချေပဂိုးကို သွင်းယူ ပေးခဲ့ သည်။ ထို့နောက် ပွဲကအကြိတ် အနယ် ပိုရှိခဲ့သော်လည်း လက် ကျန်မိနစ်များတွင် နှစ်သင်းစလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံးခဲ့သည်။
အဆိုပါ ရလဒ်ကြောင့် အာဆင်နယ်အသင်းသည် ရမှတ် ၅၁ မှတ်ဖြင့် အမှတ်ပေးဇယား ကို ဆက်လက်ဦးဆောင်ထား သော်လည်း ဒုတိယနေရာမှ မန်စီးတီးအသင်းနှင့် ခြောက် မှတ်သာ ကွာဟတော့သည်။
သူရိန်