နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ်အသင်းကလပ် ကမ္ဘာ့ဖလားချန်ပီယံဆု ငါးကြိမ်မြောက် ဆွတ်ခူး

ဖေဖော်ဝါရီ ၁၂

၂၀၂၂ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲလ် မက်ဒရစ်အသင်းနှင့် အယ်လ် ဟီလာအသင်းတို့ ယနေ့ နံနက် အစောပိုင်းက မော်ရိုကိုနိုင်ငံ၊ Prince Moulay Abdallah ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ရီးရဲလ် မက်ဒရစ်အသင်းက အယ်လ်ဟီလာအသင်းကို ငါးဂိုး၊ သုံးဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံ ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရ သည်။ရီးရဲလ်မက်ဒရစ်အသင်း အတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၃ မိနစ်၊ ၆၉ မိနစ်တွင် ဗင်နီစီး ယပ်စ်၊ ၁၈ မိနစ်၊ ၅၈ မိနစ်တွင် ဗယ်လ်ဗာဒီနှင့် ၅၄ မိနစ်တွင် ဘန်ဇီမာတို့က သွင်းယူပေးခဲ့ ခြင်းဖြစ်ပြီး အယ်လ်ဟီလာ အသင်းအတွက် ချေပဂိုးများကို ပွဲချိန် ၂၆ မိနစ်တွင် မာရီဂါနှင့် ၆၃ မိနစ်၊ ၇၉ မိနစ် တွင် ဗီယက်တိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်း သည်  ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ငါးကြိမ်မြောက် အဖြစ် (၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၂၂) ခုနှစ်များတွင် ရရှိခဲ့ ခြင်း ဖြစ်ပြီး ပြိုင်ပွဲသမိုင်း၏ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်ခဲ့သည်။

၂၀၂၂ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် ဖလာမင်ဂိုအသင်းက အယ်လ် အာလီအသင်းကို လေးဂိုး၊ နှစ်ဂိုး ဖြင့် အနိုင်ရရှိ ပြီး တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ သည်။

အဆိုပါပြိုင်ပွဲ၏ သွင်းဂိုး အများဆုံးဆုကို ဖလာမင်ဂို အသင်းက ပက်ဒရိုဒေါ့ ဆန်းတို့စ် က ၄ ဂိုးဖြင့် ရရှိခဲ့ပြီးအကောင်း ဆုံးကစားသမားဆု (ရွှေဘော လုံးဆု)ကို ရီးရဲလ် မက်ဒရစ်မှ ဗင်နီစီးယပ်စ်၊ ငွေဘောလုံး ဆုကို  ရီးရဲလ်မက်ဒရစ်မှ ဗယ်လ်ဗာဒီနှင့် ကြေးဘောလုံး ဆုကို အယ်လ်ဟီလာမှ ဗီယက် တို တို့က ရရှိခဲ့ကာ အသန့်ရှင်း ဆုံး အသင်းဆုကို ရီးရဲလ်မက် ဒရစ် အသင်းက ရရှိခဲ့ကြောင်း သိရသည်။                     

သူရိန်






အခြားဆက်စပ်သတင်းများ