နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုစိတ်ဓာတ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကြိုးပမ်းတည်ဆောက်

မြန်မာနိုင်ငံလွတ်လပ်ရေးသည် စိန်ရတု ၇၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို သက်သေ စိုက်ထူခဲ့သည့် အထိမ်းအမှတ်ဖြစ်သော ပြည်ထောင်စုနေ့သည် ၇၆ နှစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ပြည်ထောင်စုနေ့နှင့် ဆက်စပ်နေ သည်မှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။ နယ်ချဲ့လက်အောက် မှ လွတ်လပ်‌ရေးရရှိရန် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံး ညီညွတ်မှုစွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ နယ်ချဲ့တို့၏လက်အောက်တွင် ကျရောက်စဉ်က သွေးခွဲ အုပ်ချုပ်ခြင်း၊ တောင်တန်းဒေသနှင့် ပြည်မ ခွဲခြားအုပ်ချုပ်ခြင်း၊ လူမျိုးအလိုက် ခွဲခြားအုပ်ချုပ်ခြင်းတို့၏ အကျိုးဆက်မှာ မိမိတို့ နိုင်ငံတွင် နှစ်ပေါင်းများစွာ လက်နက်ပဋိပက္ခများ ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်ကျော် ရှိခဲ့ သော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အားနည်းမှု၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏခွဲ၊ ပုဂ္ဂိုလ်စွဲကြောင်း အချင်းအချင်းအမုန်းပွားကာ ပဋိပက္ခများ ဖန်တီးနေသည့်ဖြစ်စဉ်များကို တွေ့နေရပေသည်။ တိုင်းရင်းသားပြည်သူများ၏ တူညီပြင်းပြသောဆန္ဒမှာ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းမှု၊ အားလုံးအတူ တကွ နေထိုင်လိုခြင်းသည် ဆန္ဒအမှန်ပင်ဖြစ်သည်။ ယင်းအတွက် တစ်ခုတည်းသောအချက်မှာ ပြည်‌ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ‌ရေးသမိုင်းတစ်လျှောက် အလိုအပ်ဆုံးအရာမှာ ညီညွတ်ရေးဟု ဆိုရပါမည်။ ညီညွတ်‌ရေး၏ အရေးပါမှု၊ မရှိမဖြစ် လိုအပ်မှုကို နားလည်လက်ခံထားကြသော်လည်း လက်တွေ့ကျင့်သုံး ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ အနာဂတ်နိုင်ငံ တော် တည်ဆောက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်နှင့် ညီညွတ်ရေး မှာ ပြည်ထောင်စုအားလုံးအတွက် အခြေခံအချက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများအကြား၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ ခွင့်လွှတ်မှုတို့ကို အခြေခံလျက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရမည် ဖြစ်သည်။ တိုင်းရင်းသားပြည်သူများအားလုံး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သာတူညီမျှခြင်းဟူ သည့် လွတ်လပ်သောနိုင်ငံ၏ အနှစ်သာရများကို အားလုံးရရှိခံစားနိုင် ရန် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ကို ပြည်ထောင်စုဖွားအားလုံးက အလေးအနက်ခံယူကြရန် နှိုးဆော် တိုက်တွန်းရပေသည်။ ။






အခြားဆက်စပ်သတင်းများ