ဖေဖော်ဝါရီ ၁၁
ချဲလ်ဆီးအသင်းသည် အသင်း၏ ဝင်ငွေ ပိုမိုတိုးတက်လာရေးအတွက် လက်ရှိ ဂျာစီရင်ဘတ်စပွန်ဆာဖြစ်သည့် Three မိုဘိုင်းဖုန်းကုမ္ပဏီနှင့် လမ်းခွဲရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ချဲလ်ဆီးအသင်း ပိုင်ရှင်သစ် တော့ ဘိုလီသည် ပြီးခဲ့သည့်နွေရာသီအပြောင်း အရွှေ့နှင့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလတို့တွင် ပြောင်းရွှေ့ကြေး အများ အပြား အသုံးပြုပြီး ကစားသမားသစ် များကို ခေါ်ယူအင်အားဖြည့်တင်းထား သည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီစေရန် အသင်းဝင်ငွေ ပိုမိုတိုး တက်လာအောင် လုပ်ဆောင်နေခြင်းဖြစ် သည်။
Three မိုဘိုင်းဖုန်း ကုမ္ပဏီနှင့် ချဲလ်ဆီးအသင်းတို့သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က စတင်ပြီး တစ်နှစ် လျှင် စပွန်ဆာတန်ကြေး စတာလင် ပေါင် သန်း ၄၀ ဖြင့် စာချုပ်ချုပ်ဆိုထား ခြင်းဖြစ်ကာ ယခုအခါ တော့ဘိုလီက အသင်းဝင်ငွေ ပိုမိုတိုးတက်စေရန် စပွန်ဆာတန်ကြေးပိုမိုရရှိသည့် ဂျာစီ ရင်ဘတ်စပွန်ဆာနှင့် ပြောင်းလဲရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ချဲလ်ဆီးအသင်း ပိုင်ရှင်က ယခုနှစ် ဘောလုံးရာသီကုန်ဆုံးလျှင်Three မိုဘိုင်းဖုန်းကုမ္ပဏီနှင့် ဂျာစီရင်ဘတ် စပွန်ဆာကို ရပ်ဆိုင်းပြီး အနည်းဆုံး စတာလင်ပေါင် သန်း ၅၀ နှင့် အထက် ရရှိမည့် စပွန်ဆာကို ရှာဖွေမှုပြုလုပ် နေကာ အမေရိကန်နိုင်ငံအခြေစိုက် စပွန်ဆာကုမ္ပဏီများနှင့် ချိတ်ဆက် လျက်ရှိသည်။
သူရိန်