နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေး ဇွန် ၁၈


မန္တလေးမြို့ကိုစိမ်းလန်းစိုပြည်ပြီးသာယာလှပသည့်ဥယျာဉ်မြို့တော်ဖြစ်စေရေးအတွက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကိုဇွန်လဆန်းမှစတင်ပြီး ကျင်းပလျက်ရှိရာ ဇွန် ၁၇ ရက်နံနက်၈နာရီက မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၃၆ လမ်းကြားသင်္ဂဇာချောင်းဘေးမြေနေရာတွင် ကျင်းပရာ မန္တလေးမြို့တော်ဝန်ဒေါက်တာ ရဲလွင်တက်ရောက်၍ အရိပ်ရစိန်ပန်းပင်စိုက်ပျိုးပေးသည်။ အစီအစဉ်အရမြို့တော်ဝန်က သတ်မှတ်နေရာတွင် အရိပ်ရစိန်ပန်းပင်ကိုစိုက်ပျိုးပေး၍ရေလောင်းပြီးသတ်မှတ်နေရာများတွင်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနမှ ဝန်ထမ်းများကအရိပ်ရစိန်ပန်းပင်များအားဆက်လက်စိုက်ပျိုးပေးကြသည်။


၂၀၂၀ပြည့်နှစ်မိုးရာသီတွင်စိုက်ပျိုးရန်အရိပ်ရပင်၂၀၁၂၃၉ပင်ပျိုးထောင်ထားရှိပြီး အောင်မြေသာစံမြို့နယ် တွင်၃၀ဝ၀ပင်၊ချမ်းအေးသာစံမြို့နယ်တွင်၁၅၅၀ပင်၊ မဟာအောင်မြေမြို့နယ်တွင်၃၀ဝ၀ ပင်၊ ချမ်းမြသာစည် မြို့နယ်တွင်၃၆၀ဝပင်၊ပြည်ကြီးတံခွန်မြို့နယ်တွင်၃၆၀ဝပင်၊အမရပူရမြို့နယ်တွင် ၃၃၅၀ပင်စိုက်ပျိုးရန်လျာထားကြောင်းသိရသည်။ 

 

 မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ