ဖေဖော်ဝါရီ ၁၀
မန်ယူအသင်းသည် တောင်ပံခံစစ် ကစားသမား ဒါလော့ကို ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဒါလော့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပေါ်တိုအသင်းမှ မန်ယူအသင်း သို့ ပြောင်းရွှေ့ကစားခဲ့ပြီး အစောပိုင်းနှစ် များက မန်ယူအသင်း၌ ပွဲထွက်ခွင့်မရရှိခဲ့ဘဲ ရုန်းကန်ခဲ့ရသည့်အတွက် ၂၀၂၀ ပြည့်နှစ် က အေစီမီလန်အသင်းသို့ အငှားစာချုပ် ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ယင်းသည် အေစီမီလန်အသင်း တွင် ခြေစွမ်းပြသနိုင်ခဲ့သည့်အတွက် တစ်ရာသီအပြီးတွင် မန်ယူအသင်းက ပြန်လည်ခေါ်ယူခဲ့ပြီး လက်ရှိနည်းပြ တန်ဟက် လက်ထက်တွင် အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေသူ ဖြစ်သည်။
မန်ယူအသင်းနှင့် ဒါလော့တို့၏ စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံး ရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည့် အတွက် မန်ယူအသင်းက အဓိက ကစား သမားတစ်ဦးကို အလွတ်ပြောင်းရွှေ့ ကြေးဖြင့် လက်မလွှတ်လိုသောကြောင့် ကာလရှည် သက်တမ်းတိုးစာချုပ်ချုပ်ဆို ရန် ဆွေးနွေးမှုများ စတင်ပြုလုပ်နေခြင်း ဖြစ်သည်။
သူရိန်