ဖေဖော်ဝါရီ ၁၀
မေဂျာလိဂ်ကလပ် အယ်အေဂလက် ဆီအသင်းသည် ချဲလ်ဆီးအသင်းတွင် ပွဲထွက်ခွင့်မရရှိဘဲ ရုန်းကန်နေရသည့် တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်နေကြောင်းသိရ သည်။
အူဘာမီယန်းသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ဘာစီလိုနာအသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ သူဖြစ်ပြီး လက်ရှိနည်းပြ ဂရေဟမ်ပေါ်တာ လက်ထက်တွင် ပွဲထွက်ခွင့်မရရှိသည့် အတွက် အသင်းမှ ထွက်ခွာရန် ပြင်ဆင် နေခြင်းဖြစ်သည်။
ထို့ပြင် အူဘာမီယန်းသည် ချန်ပီယံ လိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ချဲလ်ဆီးအသင်း ၏ ကစားသမား စာရင်းတင်သွင်းရာတွင် လည်း လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည့် အတွက် အနာဂတ်မှာ မရေမရာဖြစ် နေခြင်းဖြစ်သည်။
ချဲလ်ဆီးအသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသည့် အူဘာမီယန်းကို အယ်အေဂလက်ဆီအသင်းက ခေါ်ယူလို နေ ခြင်းဖြစ်ပြီး ကမ်းလှမ်းမှု များပြုလုပ်ရန် ပြင်ဆင်နေသည်။
လက်ရှိ ဥရောပတွင် အပြောင်းအရွှေ့ ကာလ ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း မေဂျာလိဂ်ပြိုင်ပွဲ၏ အပြောင်းအရွှေ့ ကာလမှာ ယခုလမှသာ စတင်ခဲ့သည့် အတွက် အယ်အေဂလက်ဆီအသင်း အနေဖြင့် အူဘာမီယန်းကို ခေါ်ယူခွင့်ရှိနေ ခြင်းဖြစ်သည်။
သူရိန်