နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစိမ်းရောင်စီးပွားရေး ကြိုးပမ်းဆောင်ရွက်

ရေအရင်းအမြစ်များဖြစ်သည့် သဘာဝရေထွက်မှာ တော၊ တောင်၊ စိမ့်၊ စမ်းများမှစ၍ မြစ်၊ ချောင်း၊ အင်း၊ အိုင် ရေတိမ်ဒေသ တို့၏ ရေဝေ‌ရေလဲဧရိယာများနှင့် ရေဦးရေဖျားဒေသရှိ သစ်တော ဖုံးလွှမ်းမှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သည်။ သစ်တောဖုံးလွှမ်း မှုကောင်းမွန်သောနေရာများ၌ မြေတိုက်စားမှု အနည်းငယ်သာ ရှိနိုင်သော်လည်း၊ သစ်တောပြုန်းတီးသည့် မြေနေရာများတွင် မြေတိုက်စားမှုပြဿနာဆိုးရွားစွာ ကြုံတွေ့ကြရသည်။

ယင်းကြောင့် သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့် သစ်တော သယံဇာတများအား ရေရှည်တည်တံ့အောင် အလေးထားစီမံ ဆောင်ရွက်လျက်ရှိသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ဇန်နဝါရီ ၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေးခဲ့သည်။

၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် နှစ်ပေနှင့်အထက် ပျိုးပင် များ သတ်မှတ်အရေအတွက်ပြည့်မီအောင် ပြုစုပျိုးထောင်ရန်၊ စိုက်ပျိုးသည့်အခါ တစ်ပင်စိုက် တစ်ပင်ရှင်သန်စေရန် စိုက်ပျိုး နည်းစနစ်မှန်ကန်စေရေးကို ပြည်သူများ လက်ကမ်းစာစောင်ဖြန့်ဝေ အသိပေးရန်နှင့် ဒလမြို့နယ် သမတကမ်းခြေ ဒီ‌ရေတောစိုက်ခင်း များ အောင်မြင်ရှင်သန်နေမှု ၂၀၂၃ ခုနှစ် မိုးရာသီတွင် လမုပင် ၁၀ ဧက စိုက်ပျိုးရန် မြေနေရာရှင်းလင်းထားမှု၊ သန်လျင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ရုံးကိုရောက်ရှိစစ်ဆေး၍ ခရိုင်အတွင်း  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံး၊ လုပ်နည်း စည်းကမ်းချက် များနှင့်အညီ အကြံပေးစစ်ဆေးကြပ်မတ်ရန်၊ ဂေဟစနစ်ဝန်ဆောင် မှုများကို ရေရှည်တည်တံ့၍ စဉ်ဆက်မပြတ် အကျိုးရှိစွာအသုံးချနိုင် ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဒီရေတောများသည် သဘာဝဘေးအန္တရာယ်များကို အစိမ်း ရောင်တံတိုင်းကြီးများသဖွယ် ကာကွယ်ပေးခြင်း၊ ကာဗွန်စုပ်ယူမှု အားကောင်းခြင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် ဂေဟစနစ်ဖြစ်သည်။ အစိမ်း ရောင် စီးပွားရေးလုပ်ငန်းစဉ်များဖြစ်သော ကာဗွန်ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချ‌ရေး၊  စွမ်းအင်နှင့် သယံဇာတများ ထိရောက်စွာ အသုံးချနိုင်ရေးနှင့် ဇီဝမျိုးကွဲများနှင့် ဂေဟစနစ် ဝန်ဆောင်မှုဆုံးရှုံးခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ကို အကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေ မည့် အစိမ်းရောင်စီးပွားရေးမူဝါဒကို ချမှတ်ကျင့်သုံးလျက်ရှိရာ လူသားအားလုံး ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးအောင် ဆောင်ရွက်ပေးခြင်းသည် အဓိကအကျဆုံးအချက်  ဟု ဆိုချင်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ