နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ရဲတပ်ဖွဲ့ဝင်များကြောင့် လူမည်းများ သေဆုံးခဲ့ခြင်းကို စုံစမ်းစစ်ဆေးပေးရန် ဂျော့ဖလွိုက်၏ညီက ကုလသမဂ္ဂထံ တောင်းဆို

ဇွန် ၁၈  ဝါရှင်တန်


အမေရိကန်နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များကြောင့် လူမည်းများ သေဆုံးရသည့်ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးပေးရန် ဂျော့ဖလွိုက်၏ညီဖြစ်သူက ကုလသမဂ္ဂထံ တောင်းဆိုခဲ့သည်။ မေလ ၂၅ ရက်က မင်နီယာပိုလစ် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းခံရစဉ် လူဖြူရဲအရာရှိက ဇက်ကို ဒူးဖြင့် ၉ မိနစ်နီးပါး ဖိထားခဲ့ခြင်းကြောင့် လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့ရာ အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ယင်း၏အစ်ကိုဖြစ်သူ နှိပ်စက်ညှဉ်းပန်းပြီး အသတ်ခံခဲ့ရခြင်းကို တစ်ကမ္ဘာလုံး တွေ့မြင်ခဲ့သည်ဟု ဖီလိုနစ်ဖလွိုက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောခဲ့သည်။ အမေရိကန်နိုင်ငံတွင် လူမည်းများ၏ အသက်ကို တန်ဖိုးမထားကြောင်း အဆိုပါဖြစ်ရပ်က သက်သေပြနေသည်ဟု ယင်းက ဆိုသည်။


ဂျော့ဖလွိုက် သေဆုံးခဲ့သည့်ဖြစ်ရပ်တွင် အဆမတန် ရက်စက်ခဲ့ခြင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ ဘာချီလတ်က ဝေဖန်ခဲ့သည်။ မျိုးဆက် အဆက်ဆက် ခံစားခဲ့ရသည့် နာကျင်မှုဝေဒနာ အထွတ်အထိပ်ရောက်လာခြင်းကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခြင်းဟု ယင်းက ဆိုသည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ကျွန်စနစ်နှင့် ကိုလိုနီနယ်ချဲ့ဝါဒ၏ ဆိုးမွေကို ရင်ဆိုင်တွန်းလှန်ကြပြီး ပြင်ဆင်ပေးဆပ်ကြရန် ဘာချီလတ်က တိုက်တွန်းခဲ့သည်။


ဂျော့ဖလွိုက် သေဆုံးပြီးနောက် ဖြစ်ပေါ်လာခဲ့သည့် ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုများကိုလည်း လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍ စစ်ဆေးပေးရန် ဂျော့ဖလွိုက်၏ညီက ကုလသမဂ္ဂအရာရှိများကို တိုက်တွန်းခဲ့သည်။ သို့သော် အဆိုပါတောင်းဆိုချက်ကို အတည်ပြုရန် လုံလောက်သည့် ထောက်ခံမှု ရ၊ မရ မသေချာကြောင်း ဂျီနီဗာမြို့ရှိ ဘီဘီစီသတင်းထောက်က ဆိုသည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရမှာ လွန်ခဲ့သည့်နှစ်နှစ်ကတည်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ခဲ့ပြီး အစည်းအဝေးများ တက်ရောက်ခဲ့ခြင်းမရှိပေ။     


 (KNT)






အခြားဆက်စပ်သတင်းများ