နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗင်းဆင့်ဗန်ဂိုးနှင့် ပေါဂေါ်ဂင်တို့ ပြည့်တန်ဆာခန်း သွားခဲ့ကြောင်း ရေးသားထားသည့်စာကို ယူရို ၂၁၀၆၀၀ ဖြင့် လေလံအောင်မြင်

ဇွန် ၁၈ ပါရီ


ပြည့်တန်ဆာခန်း သွားရောက်ခဲ့သည့် အကြောင်းကို အသေးစိတ်ရေးသားထားသည့် ဗင်းဆင့်ဗန်ဂိုးနှင့် ပေါဂေါ်ဂင်တို့၏ စာတစ်စောင်မှာ ယူရို ၂၁၀၆၀၀ ဖြင့် လေလံအောင်မြင်ခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့က ပါရီမြို့ရှိ ဒရူအော့လေလံခန်းမတွင် ကျင်းပခဲ့သည့် လေလံပွဲတွင် အဆိုပါစာကို ဗင်းဆင့်ဗန်ဂိုးဖောင်ဒေးရှင်းက လေလံအောင်ခဲ့သည်။ကမ္ဘာကျော်ပန်းချီဆရာများဖြစ်သည့် ဗင်းဆင့်ဗန်ဂိုးနှင့် ပေါဂေါ်ဂင်တို့က ၁၈၈၈ ခုနှစ်နှောင်းပိုင်းတွင် ယင်းတို့၏မိတ်ဆွေဖြစ်သည့် ပြင်သစ်ပန်းချီဆရာ အမ်မလီဘားနက်ဒ်ထံသို့ ရေးသားခဲ့သည့်စာဖြစ်သည်။


ထိုစဉ်က ယင်းတို့နှစ်ဦး ပြင်သစ်နိုင်ငံ အာလိစ်မြို့တွင် အတူတကွနေထိုင်ပြီး ပန်းချီဆွဲနေကြောင်း စာထဲတွင် ရေးသားထားသည်။ ဗင်းဆင့်ဗန်ဂိုးနှင့် ပေါဂေါ်ဂင်တို့က ယင်းတို့မှာ အနုပညာ၏ မဟာအလင်းပွင့်မှုကို ဦးဆောင်ခဲ့သည်ဟု ယုံကြည်ခဲ့ကြကြောင်း စာထဲတွင် ရေးသားထားသည်။ ယင်းတို့၏ ပန်းချီများကို နှောင်းလူတို့သာ ခံစားနားလည်နိုင်စွမ်းရှိမည်ဆိုခြင်းကို ဗင်းဆင့်ဗန်ဂိုးနှင့် ပေါဂေါ်ဂင်တို့နှစ်ဦးလုံး သတိထားမိခဲ့ကြသည်ဟု လေလံကုမ္ပဏီက ဆိုသည်။


အာလိစ်မြို့တွင် လပေါင်းများစွာ အတူနေထိုင်ပြီး အနုပညာအမြင်များ သစ်လွင်တောက်ပလာအောင် သွေးခဲ့ပြီး မိတ်ဆွေအဖြစ်မှ ပြတ်စဲခဲ့ကြပြီး ဂေါ်ဂင်မှာလည်း မြို့မှ ထွက်သွားခဲ့သည်။ ဗင်းဆင့်ဗန်ဂိုး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုခံစားရပြီး ကိုယ့်နားရွက် ကိုယ်မဖြတ်မီ ရက်သတ္တပတ်အတော်ကြာတွင် အဆိုပါစာကို ရေးသားခဲ့ခြင်းဖြစ်သည်။ ဟော်လန်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးမှာ ၁၈၉၀ ပြည့်နှစ်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်မှစတင်၍ အဆိုပါစာကို အမ်စတာဒမ်မြို့ရှိ ဗင်းဆင့်ဗန်ဂိုးပြတိုက်တွင် ခင်းကျင်းပြသထားမည်ဟု ဆိုသည်။   


(KNT)






အခြားဆက်စပ်သတင်းများ