နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ ကလော့ပ် ထွက်ခွာပါက အလွန်ဆိုနှင့်အစားထိုးရန် လီဗာပူးအသင်း ပြင်ဆင်

ဖေဖော်ဝါရီ ၉

လီဗာပူး အသင်းသည် နည်းပြ ကလော့ပ် ရာထူးမှ နုတ် ထွက်မည်ဆိုပါက အသင်း၏ ကစားသမားဟောင်းတစ်ဦး ဖြစ်ပြီး လက်ရှိ လေဗာကူဆင် အသင်းနည်းပြ အလွန်ဆိုနှင့် အစားထိုးရန်  ပြင်ဆင်နေ ကြောင်း သိရသည်။

နည်းပြ  ကလော့ပ်သည် ပြီးခဲ့သည့်  ၂၀၁၅ ခုနှစ်က လီဗာပူးအသင်း နည်းပြအဖြစ် စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ သူ ဖြစ်ပြီး အသင်းကို နှစ်ပေါင်း များစွာ  ဝေးကွာနေသည့် ပရီးမီးယားလိဂ် ချန်ပီယံဆု ဖလား ပြန်လည် ဆွတ်ခူးပေး နိုင်ခဲ့သည့်အပြင် ချန်ပီယံလိဂ် ဆုဖလားနှင့် အခြား ဆုဖလား များစွာကိုလည်း ဆွတ်ခူးပေးနိုင် ခဲ့သည်။

သို့သော် နည်းပြ ကလော့ပ် အနေဖြင့်  ယခုနှစ် ဘောလုံး ရာသီတွင် ၎င်း၏ လီဗာပူး အသင်း  နည်းပြသက်တမ်း တစ်လျှောက် အဆိုးရွားဆုံး သော ဘောလုံးရာသီနှင့်ကြုံတွေ့ နေရပြီး ဝုဗ်အသင်းကို ရှုံးနိမ့် ခဲ့သည့် ပွဲစဉ်အပြီးတွင် အသင်း နှင့် အနာဂတ်မှာ ပိုမိုမရေမရာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းက ရလဒ် များ  ဆိုးရွားနေသော်လည်း နည်းပြ ကလော့ပ်ကိုထုတ်ပယ် ရန် အစီအစဉ်မရှိဟု ကြေညာ ထားသည်။ သို့သော် နည်းပြ ကလော့ပ်ကိုယ်တိုင်က ယခု ထက် ရလဒ်ဆိုးရွားပြီး ချန်ပီယံ လိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ပါက ယခုနှစ်ဘောလုံးရာသီ အကုန် တွင် အသင်းနည်းပြ ရာထူးမှ နုတ်ထွက် ဖွယ်ရှိနေခြင်းဖြစ်ပြီး လီဗာပူးအသင်းက  ၎င်း၏ နေရာတွင် အစားထိုးရန် အလွန် ဆိုကို ဦးစားပေး ပစ်မှတ်အဖြစ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ