နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိမဝန္တာနယ်စပ်တိုက်ပွဲနှင့်ပတ်သက်၍ အိန္ဒိယနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများက အပြန်အလှန် ကန့်ကွက်ဆန္ဒပြ

ဇွန် ၁၈    နယူးဒေလီ


ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်ဒေသတွင် အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ အိန္ဒိယနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများက အပြန်အလှန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ တရုတ်တပ်ဖွဲ့က အိန္ဒိယနိုင်ငံပိုင်နက်အတွင်း အဆောက်အအုံတစ်ခု စိုက်ထူရန် ကြိုးပမ်းခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက ပြောသည်။ သို့သော် အိန္ဒိယစစ်သည်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တုံ့ပြန်ထားသည်။


အဆိုပါဖြစ်ရပ်မှာ အနည်းဆုံး ၄၅ နှစ်ကြာကာလအတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်စပ်တွင် ပထမဆုံးအကြိမ် လူသေဆုံးခဲ့သည့် တိုက်ပွဲဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးများ ဖုန်းခေါ်ဆိုမှုတွင် အခြေအနေ မတင်းမာလာအောင် ဖြေလျှော့သွားမည်ဟု ကတိပြုခဲ့သည်။ လက်တကမ်းတိုက်ပွဲတွင် နှစ်နိုင်ငံ စစ်သည်များက တုတ်များဖြင့် ရိုက်နှက်ခဲ့ကြပြီး သေနတ်တစ်ချက်မျှ ပစ်ဖောက်ခဲ့ခြင်းမရှိဟု သတင်းများတွင် ဖော်ပြသည်။ တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်သည်အချို့ မြစ်ထဲပြုတ်ကျခြင်း၊ မြစ်ထဲခုန်ချခြင်းများရှိသည်ဟု အိန္ဒိယသတင်းစာတစ်စောင်က ဖော်ပြသည်။ အဆိုပါဖြစ်ရပ်တွင် စစ်သည်မည်မျှသေဆုံးခဲ့သည်ဆိုခြင်းကို တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ အိန္ဒိယမီဒီယာများ၏ အတည်မပြုနိုင်သေးသည့် သတင်းများအရ တရုတ်စစ်သည် အနည်းဆုံး ၄၀ သေဆုံးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အိန္ဒိယစစ်သည်အချို့လည်း ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။     


 (KNT)






အခြားဆက်စပ်သတင်းများ