နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်းက မက်ဂွဲယားအပါအဝင် ကစားသမားခြောက်ဦးထိ ရောင်းချမည်

ဖေဖော်ဝါရီ ၉

မန်ယူအသင်းသည် လာမည့် နွေရာသီကစားသမား အပြောင်း အရွှေ့ကာလတွင် အသင်းခေါင်း ဆောင် မက်ဂွဲယား အပါအဝင် ကစားသမား ခြောက်ဦးထိ ရောင်းချ ရန်အတွက် အရောင်း စာရင်း တင်သွင်းခဲ့ကြောင်း သိရ သည်။

မန်ယူအသင်းကို နည်းပြ တန်ဟက် တာဝန်ယူ ကိုင်တွယ် ခဲ့ပြီးနောက် အပြောင်း အလဲများ စွာ ပြုလုပ်လျက်ရှိပြီး အသင်းမှ ထိပ်တန်းကစားသမား တစ်ဦး ဖြစ်သည့် စီရော်နယ်ဒိုကို စာချုပ် ဖျက်သိမ်းခဲ့သကဲ့သို့ လာမည့် နွေရာသီ ကစားသမား အပြောင်း အရွှေ့ကာလတွင်လည်း အသင်း ခေါင်းဆောင် မက်ဂွဲယား အပါ အဝင် ကစားသမား ခြောက်ဦးထိ ရောင်းချ ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

မက်ဂွဲယားသည် နည်းပြ တန်ဟက် လက်အောက်တွင် ပွဲထွက်ခွင့်မရရှိခဲ့ဘဲ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင် ခွင့်ရရှိနေသည့်အတွက်  ၎င်း ကိုယ်တိုင်က အသင်းမှထွက်ခွာ ရန် ပြင်ဆင်နေသကဲ့သို့ မန်ယူ အသင်းကလည်း ရောင်းချရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

မန်ယူအသင်း အရောင်း စာရင်း တင်သွင်း ထားသည့် ကစားသမား စာရင်းတွင် မက်ဂွဲ ယားအပြင် တွမ်မီနေး၊ ဗန်ဒီဘိခ်၊ မာရှယ်၊ တဲလက်စ်နှင့် ဘိုင်လီ တို့ ပါဝင်ကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ