နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဓားဖြင့်ထိုးပြီး သစ်ပင်တွင်ချိတ်ဆွဲထားသည့် လူသတ်မှုအတွက် အမျိုးသားတစ်ဦးကို စွဲချက်တင်

ဇွန် ၁၈  ဂျိုဟန်နက်စ်ဘတ်


ပြီးခဲ့သည့်ရက်သတ္တပတ်က ဓားထိုးခံထားရသည့် တောင်အာဖရိက အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို သစ်ပင်တွင် ချိတ်ဆွဲထားသည့်ဖြစ်ရပ်အတွက် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို လူသတ်မှုဖြင့် စွဲချက်တင်ထားသည်။ ဇွန်လ ၄ ရက်တွင် ပူလီ ပျောက်ဆုံးသွားခဲ့ပြီး နောက်လေးရက်အကြာတွင် ယင်း၏ရုပ်အလောင်းကို ဂျိုဟန်နက်စ်ဘတ်မြို့စွန်၌ ပြန်လည်တွေ့ရှိခဲ့သည်။ အသက် ၂၈ နှစ်ရှိသည့် ပူလီမှာ ကိုယ်ဝန်ရှစ်လရှိနေသူဖြစ်သည်။ ရင်ဘတ်တွင် ဓားထိုးခံထားရသည့် ပူလီ၏ ရုပ်အလောင်းကို သစ်ပင်တွင် တွဲလောင်းချိတ်လျက်သား တွေ့ရှိခဲ့သည်။


ပူလီ သေဆုံးခဲ့ပြီးနောက် တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ကျား၊ မ ခွဲခြားသည့် အကြမ်းဖက်မှုများအပေါ် အသံတိတ်နေသည့် အစဉ်အလာကို အဆုံးသတ်ရတော့မည်ဟု ပြောခဲ့သည်။ ပူလီ သေဆုံးခဲ့ပြီးနောက် တောင်အာဖရိကနိုင်ငံတွင် နာကြည်းခံပြင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး တွစ်တာပေါ်တွင် #JusticeForTshego ဆိုသည့် လှုပ်ရှားမှုတစ်ရပ် ရေပန်းစားခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့က မာလီဖာနီကို ဖမ်းဆီးခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ရုံးထုတ်ကာ ကြိုတင်ကြံစည်ထားသည့် လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သည်။ မာလီဖာနီမှာ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ ရုံးထုတ်မှုတွင် ထွက်ဆိုမှုလုပ်ခဲ့ခြင်းမရှိဟု တောင်အာဖရိကသတင်းစာတစ်စောင်က ဖော်ပြသည်။ မာလီဖာနီနှင့် သေဆုံးသူ ပူလီတို့ သိကျွမ်းခြင်း ရှိ၊ မရှိ ဆိုခြင်းကို တောင်အာဖရိက အာဏာပိုင်များက ထုတ်ပြောခဲ့ခြင်းမရှိပေ။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တောင်အာဖရိကနိုင်ငံတွင် အခြားအမျိုးသမီးနှစ်ဦး အသတ်ခံခဲ့ရသည်။ တောင်အာဖရိကနိုင်ငံရှိ အမျိုးသမီး ၅၁ ရာခိုင်နှုန်းမှာ ယင်းတို့နှင့်ပတ်သက်မှုရှိသူများ၏ အကြမ်းဖက်မှု တွေ့ကြုံခံစားခဲ့ရသည်ဟု တောင်အာဖရိကသမ္မတက ဆိုသည်။         


(KNT)






အခြားဆက်စပ်သတင်းများ