နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟုမ္မလင်းမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 ဟုမ္မလင်း ဇွန် ၁၇


ဇွန် ၁၅ ရက်၊ နံနက်  ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စု၊ ကိုးထောင်ကျေးရွာနေ မခင်လှ၏နေအိမ်ကိုရှာဖွေရာ ၎င်းကိုင်ထားသော ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၂၆၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၁၅၀ ပြား၊ မြန်မာငွေ ၁,၁၁၀,၀၀၀ ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မခင်လှ(၄၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


အလားတူ ဇွန် ၁၅ ရက်၊ မွန်းတည့် ၁၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ်-မိုင်းဆတ်သွားကားလမ်း၊ မြို့ဝင်ဆိုင်းဘုတ် အနီးတွင်တွေ့ရှိသူ အိုက်ယုံ ကိုရှာဖွေရာ ၎င်းလွယ်ထားသောလွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြားသိမ်းဆည်းရမိခဲ့သဖြင့် အိုက်ယုံ(၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


 ဆွေဦး







အခြားဆက်စပ်သတင်းများ