နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တန်းမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် PPE ဝတ်စုံများနှင့် အလှူငွေများလှူဒါန်း

ရန်ကုန် ဧပြီ ၅ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း COVID-19 ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရန်အတွက် အသုံးပြုနိုင်ရန် PPE ဝတ်စုံနှင့် အလှူငွေများ လှူဒါန်းခြင်းကို ဧပြီ ၅ ရက်၊ နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ ကြောင်း သိရသည်။ ယင်းသို့လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နေ ဦးထွန်းဝင်းနိုင် + ဒေါ်အေးအေးသွင် သား မောင်ဖြိုးမင်းခန့်၊ မောင်အုပ်စိုးခန့် မိသားစုက COVID-19 ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ ၂၀ စုံ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က PPE ဝတ်စုံ ၁၀ စုံ၊ ကျောက်တန်း မြို့၊ ကမ်းနားလမ်း အရှေ့ပိုင်းရပ်ကွက်နေ ဦးချန်စိန် + ဒေါ်မြင့်မြင့်စိုး (ဦးချန်စိန် ဆန်ပွဲရုံမိသားစု)က အလှူငွေ ကျပ် ၁၀ သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ ကျောက်တန်းမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ ခင်ဆွေဝင်း (ကျောက်တန်း)






အခြားဆက်စပ်သတင်းများ