နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၁၇


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၆ ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် (၇၁)ရပ်ကွက်၊ ကေတုမတီလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၌ ရဲရင့်ထံမှ အရိုးအသွား (၁၁)လက်မခွဲခန့်ရှိ ထိပ်ဦး ချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၇ နာရီအချိန်တွင် ၂/တောင်ရပ်ကွက်အတွင်း လမ်းမပေါ်၌ ဝင်းသီဟနိုင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၇ နာရီခွဲ အချိန်တွင် ၁၀/မြောက်ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ အမှတ်(၁၀)ဈေးအတွင်း၌ ထွန်းကိုအောင်ထံမှ အရိုးအသွား(၇)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၁၆ ရက်၊ နေ့လယ် ၃ နာရီအချိန်တွင် (၁၄)ရပ်ကွက်၊ ဦးပုညလမ်းမပေါ်၌ အောင်ကိုထွေးထံမှ အရိုးအသွား(၂၆)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါး တစ်ချောင်း၊ ညနေ ၅ နာရီအချိန်တွင် အလယ်ကျေးရွာ၊ မြေတိုင်း(၂၂)၊ ဂန္ဓမာလမ်းမပေါ်၌ သန့်ဇင်ထံမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်း၊ ည ၈ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်၌ စောညီညီဝင်းထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီ ၅ မိနစ်အချိန်တွင် (၁၉)ရပ်ကွက်၊ တောင်ငူလမ်းမပေါ်၌ သဲနုဇင်ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် (က)ရပ်ကွက်၊ နွယ်သာကီ(၁)လမ်းမပေါ်၌ ညီညီလွင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ဝေလထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် (၇)ရပ်ကွက်၊ အောင်မေတ္တာလမ်းမပေါ်၌ အောင်လှိုင်ဦးထံမှ အရိုးအသွား(၃၄)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီခွဲအချိန်တွင် (၈)ရပ်ကွက်၊ ပါရမီဘူတာ၌ အောင်အောင်သန်း ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၂၀ မိနစ်အချိန်တွင် (၃၇)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်၌ သန်းဌေးအောင်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၂၀၃၀ အချိန်တွင် ကျော်ဝင်းထွဋ် ထံမှ အရိုးအသွား (၃၃)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရ သည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ