နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်းအား ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုအတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ် စွဲချက်တင်

ဖေဖော်ဝါရီ  ၇

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် မန်စီးတီးအသင်းအား ဘဏ္ဍာရေး စည်းမျဉ်း အကြိမ်ပေါင်းများစွာ ချိုးဖောက်ခဲ့မှုအတွက် စွဲချက်တင် လိုက် ကြောင်း သိရသည်။

မန်စီးတီး  အသင်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အသင်း ၏ ဝင်ငွေထွက်ငွေမမျှ ဘဲ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုး ဖောက်ခဲ့မှုအတွက် ပရီးမီးယား လိဂ် အဖွဲ့ချုပ်က စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းအနေဖြင့် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့ပါ က အမှတ်လျှော့ပြစ်ဒဏ် ကျခံရ ခြင်း (သို့မဟုတ်) ပရီးမီးယားလိဂ် မှ ထုတ်ပယ်ခံရခြင်းတို့ဖြင့် ရင်ဆိုင် ရမည်ဖြစ်သည်။

ပရီးမီးယားလိဂ် စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက် သည်ဟု     စွပ်စွဲခံရမှုအတွက်  အသင်းအနေဖြင့် အံ့အားသင့်မိ ကြောင်း၊ ယခုကိစ္စအား ကော်မရှင် အနေဖြင့် သမာသမတ် ကျစွာ ပြန်လည်သုံးသပ်ပေးရန်နှင့် ယခု တစ်ကြိမ်ဖြင့် အပြီးသတ်ရန် မျှော်လင့်မိကြောင်း  မန်စီးတီး အသင်းက ထုတ်ပြန်ခဲ့ သည်။

မန်စီးတီးအသင်းသည် ယခု နှစ် ဘောလုံးရာသီ ပရီးမီးယား  လိဂ်ပြိုင်ပွဲတွင်  ရမှတ်  ၄၅ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည် နေ သော်လည်း အမှတ် လျှော့    ပြစ်ဒဏ်ကျခံရပါက ပရီးမီးယားလိဂ် ချန်ပီယံဆု ဆက်လက်ထိန်းသိမ်းနိုင်မည့် မျှော်လင့်ချက် အဆုံးသတ်သွား ဖွယ် ရှိနေသည်။               

      သူရိန်






အခြားဆက်စပ်သတင်းများ