ဖေဖော်ဝါရီ ၇
ရီးရဲလ်မက်ဒရစ်အသင်းနှင့် အာဆင်နယ်အသင်း၏ ဝါရင့် ကွင်းလယ်ကစားသမားအိုဇေးလ် သည် တူရကီကလပ် အစ္စတန် ဘူလ်အသင်းနှင့် စာချုပ်ဖျက်သိမ်း ပြီး ပရော်ဖက်ရှင်နယ် ကစား သမားဘဝမှ အနားယူရန်စီစဉ် နေကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ်ရှိ အိုဇေးလ်သည် ရီးရဲလ်မက်ဒရစ် အသင်းတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်ထိ ကစားပြီး ဆုဖလား များစွာရရှိခဲ့ကာ ၂၀၁၃ ခုနှစ် က ရီးရဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။
အိုဇေးလ်သည် အာဆင်နယ် အသင်းတွင် အစောပိုင်းနှစ်များ က အဓိက ကစားသမားအဖြစ် ဘောလုံးရာသီတိုင်း ပါဝင်ခွင့် ရရှိခဲ့သော်လည်း နည်းပြအာတီ တာ လက်ထက်တွင်အသင်း မှ တာဝန်ရှိသူများ၊ နည်းပြနှင့် ဆက်ဆံရေး အဆင်မပြေမှု များကြောင့် ၂၀၂၁ ခုနှစ်က အာဆင်နယ်အသင်းနှင့် စာချုပ် ဖျက်သိမ်းခဲ့သူဖြစ်သည်။
ထို့နောက် အိုဇေးလ်သည် ဖီနာဘာချီအသင်းတွင် တစ်နှစ် သာကစားပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် အစ္စတန်ဘူလ် အသင်းသို့ ထပ်မံပြောင်းရွှေ့ ခဲ့သော်လည်း ခြေစွမ်းပြသနိုင် ခြင်းမရှိသောကြောင့် လေးပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး အစ္စတန် ဘူလ်အသင်းက စာချုပ်ဖျက်သိမ်း ရန် ဆွေးနွေးခဲ့ကာ အိုဇေးလ် ကိုယ်တိုင်ကလည်း သဘောတူညီ ခဲ့သည့်အတွက် စာချုပ်ဖျက်သိမ်း ပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူရန် စီစဉ်နေခြင်းဖြစ်သည်။
သူရိန်