နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်   ဇွန်   ၁၇


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျင်းပမည့် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဆပ်ကော်မတီများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ဇွန်လ ၁၇ ရက်၊ နံနက် ၁၀ နာရီ၌ ပြုလုပ်ခဲ့သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျင်းပ ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင်ကျင်းပမည့် (၇၃)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက် ရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီမှထုတ်ပြန်ထားသောညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော COVID-19 ကူးစက်ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်၊ သတိ ပေးချက်၊ စည်းကမ်းချက်များနှင့်အညီလိုက်နာဆောင်ရွက်ပြီး (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍လုပ်ငန်းတာ၀န်များကို  အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ် ကျပြီး အဆင်ပြေချောမွေ့စေရန်အတွက် ဆပ်ကော်မတီများပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်ပြောကြား သည်။


ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ၊ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခမ်းအနားကျင်းပမည့် အာဇာနည်ဂူဗိမာန်၊ အာဇာနည် ခေါင်းဆောင်ကြီးများကိုရည်မှန်း၍ ဆွမ်းဆက်ကပ်မည့် မြို့တော်ခန်းမ၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)တွင်ကျင်းပမည့် အလံတင်ခြင်းနှင့် အလေးပြုခြင်း အစီအစဉ် ၊ ဗိုလ်ချုပ်အမှတ်တရ အသုံးအဆောင်များကို ခင်းကျင်းပြသမည့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့ကိုကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များဖြင့် လုပ်ငန်းများဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်တက်ရောက်လာသော  အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ ၊  ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြသရေးဆပ်ကော်မတီ၊ လွမ်းသူပန်းခွေချအလေးပြုအခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်း ထိန်းသိမ်းရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီနှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနားကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်သည့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ကော်မတီဝင်များက (၇၃)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကဏ္ဍများအလိုက်ဆောင်ရွက်ပြီးစီးမှုနှင့်ဆောင်ရွက်ရန် ကျန်ရှိသည့်အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့ က ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။


ယင်းနောက် အခမ်းအနားကျင်းပမည့် ဗဟန်းမြို့နယ် အာဇာနည်ဂူဗိမာန်၌  ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။       

ကျော်သူထက် (မြို့တော်စည်ပင်)






အခြားဆက်စပ်သတင်းများ