ဖေဖော်ဝါရီ ၆
ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ၏ ပွဲစဉ်တစ်ပွဲအဖြစ် စပါးအသင်းနှင့် မန်စီးတီးအသင်းတို့ ယမန်နေ့ ညပိုင်းက တော့တင်ဟမ်ဟော့ စပါးကွင်း၌ ယှဉ်ပြိုင် ကစား ရာ စပါးအသင်းက မန်စီးတီး အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းပွဲ အစတွင် မန်စီး တီးအသင်း တရစပ် တိုက်စစ် ဆင်ကစားခဲ့ပြီး ဂိုးကန်သွင်းခွင့် အချို့ရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ဘဲ စပါး အသင်းကသာ ပွဲချိန် ၁၅ မိနစ် တွင် ဟာရီကိန်း၏ သွင်းဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သည်။
စပါးတိုက်စစ်မှူး ဟာရီကိန်း သည် ဂန္ထဝင် ကစားသမား ဂျင်မီ ဂရေ့ဗ်စ်ကို ကျော်ဖြတ်ကာ အသင်းသမိုင်း တစ်လျှောက် သွင်းဂိုး အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အလန်ရှီး ယား (၂၆၀ ဂိုး)၊ ဝိန်းရွန်းနီ (၂၀၈ ဂိုး) ပြီးနောက် ပရီးမီး ယားလိဂ် သွင်းဂိုး ၂၀၀ ပြည့်သည့် တတိယမြောက် ကစားသမား ဖြစ်လာခဲ့သည်။
မန်စီးတီးအသင်းသည် စပါးအသင်းထက် အခွင့်အရေး ပိုမိုရရှိခဲ့သော်လည်း အသုံးချနိုင် ခြင်းမရှိသောကြောင့် ရှုံးပွဲ ကြုံ တွေ့ခဲ့ရခြင်းဖြစ်ပြီး တိုက်စစ် မှူး ဟာလန်းအနေဖြင့် ဂိုး ကန်သွင်းခွင့် တစ်ကြိမ်မျှ ရရှိ ခြင်းမရှိဘဲ စွမ်းဆောင်ရည်ကျ ဆင်းခဲ့ရသည်။
အဲဗာတန်အသင်းကို ရှုံး နိမ့်ခဲ့သည့် အာဆင်နယ်၏ ခြေ ချော်မှုကို မန်စီးတီးအသင်းက အခွင့်ကောင်းယူနိုင်ခြင်းမရှိ သောကြောင့် တစ်ပွဲပို ကစား ထားပြီး ငါးမှတ်အကွာတွင် ဆက်လက်ရပ်တည်လျက် ရှိသည်။
စပါးအသင်းသည် အိမ်ကွင်း တွင် အမှားအနည်းဆုံး ကစားပြီး ပုံစံကောင်း ပြသနေသည့် မန်စီးတီးအသင်းကို အနိုင်ရ ရှိခဲ့ကာ ပွဲစဉ် ၂၂ ပွဲ ကစားပြီး ချိန်တွင် ရမှတ် ၃၉ မှတ်ဖြင့် အဆင့် ၅ နေရာ တွင် ရပ်တည် လျက်ရှိသည်။
သူရိန်