နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ကလပ်အသင်းများသို့ ပြောင်းရွှေ့ကစားရန် ဂရင်းဝုဒ် ပြင်ဆင်

ဖေဖော်ဝါရီ ၆

လူငယ်ကစားသမား ဂရင်း ဝုဒ်သည် အမှုရင်ဆိုင်နေရာမှ လွတ်မြောက်ခဲ့သော်လည်း မန်ယူအသင်းတွင် ကစားခွင့် ရရှိရန် မရေမရာဖြစ်နေသည့် အတွက် တရုတ်စူပါလိဂ် ကလပ် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် ကစားသမားဘဝ အစပိုင်းက မန်ယူအသင်းတွင် အကောင်းဆုံးခြေစွမ်း ပြသ နိုင်ခဲ့ပြီး အလားအလာကောင်း ရှိနေသည့် လူငယ်တစ်ဦး အဖြစ် သတ်မှတ်ခံထားရသော် လည်း ပြီးခဲ့သည့် ဘောလုံး ရာသီက ၎င်းနှင့် အတူနေ ချစ်သူအပေါ်တွင်  ကိုယ်ထိ လက်ရောက်  ကျူးလွန်မှုများ ကြောင့် ထိန်း သိမ်းခံခဲ့ရပြီး အမှု ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မန်ယူအသင်းကလည်း ဂရင်းဝုဒ်ကို ရဲတပ်ဖွဲ့က ထိန်း သိမ်းထားသည့် ကာလတွင် ၎င်းကို အသင်းကစားသမား စာရင်းမှ ထုတ်ပယ်ခဲ့ပြီးနောက် အမှုအားလုံးပြီးဆုံးမှသာ အသင်း  ကစားသမားစာရင်းတွင် ပြန် လည်ထည့်သွင်းမည်ဟု ကြေ ညာခဲ့သည်။

ယခုအခါတွင် ဂရင်းဝုဒ် အနေဖြင့် အမှုမှ လွတ်မြောက် ခဲ့ပြီး မန်ယူအသင်းက ၎င်း ကို ကစားသမား စာရင်း တွင် ပြန်လည် ထည့်သွင်းခဲ့သော် လည်း  ဘုတ်အဖွဲ့ဝင်များအကြား ကစားသမားကို အသင်းတွင် ဆက်ကစားစေရန် ဆုံးဖြတ် ချက်နှင့် ပတ်သက်ပြီးသဘော ထား ကွဲလွဲမှုများ ရှိနေသည့် အတွက် ဂရင်းဝုဒ် အနေဖြင့် မန်ယူအသင်းတွင် ဆက်ကစား ရန် အနာဂတ် မရေမရာ ဖြစ်နေ ခြင်းဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ